စိတ်မကောင်းလိုက်တာဗျာ။ ကြည့်ပါဦး။ မနေ့က (၁၃-၅-၂၀၁၀)ထုတ် “ကြေးမုံ နဲ့ မြန်မာ့အလင်း” သတင်းစာတွေမှာ နာရေးကြော်ငြာတွေ များလိုက်တာဗျာ။ ခါတိုင်း စာမျက်နှာ (၁)မျက်နှာလောက်ဘဲ ပုံမှန် ရှိနေရာက မနေ့က စာမျက်နှာ (၄)မျက်နှာ အပြည့် နာရေးကြော်ငြာ တွေဗျာ။ အသက် (၇၀) (၈၀)တွေ ကတော့ အများဆုံးပေါ့။ ပိုပြီး စိတ်မကောင်းတာက ကျွန်တော့် အတွက် “ဆရာလို တမျိုး၊ ဦးလေးလို တဖုံ” ခင်မင်လေးစားရတဲ့ စာရေးဆရာ ဆရာဝန်ကြီး “ဒေါက်တာ ကမ္ဘောဇခင်လှိုင်” ပါ ကွယ်လွန် သွားရ ရှာပါပြီ။

တနေ့ထက် တနေ့ ပြင်းထန်လာတဲ့ နွေရာသီရဲ့ အပူဒဏ်အောက်မှာ သက်ကြီးရွယ်အိုတွေ “တဖြုတ်ဖြုတ်” ကွယ်လွန်ကုန်ကြ ရှာပါ ပေါ့လား။ တလောကလည်း ကျန်းမာရေးဆောင်းပါးတွေကို အမြဲရေး, ရေးနေတဲ့ စာရေးဆရာကြီး “သာဂဒိုး” လည်း ကွယ်လွန် သွားခဲ့ပါတယ်။ ဒီ “အပူဒဏ်” ကြောင့်ပါဘဲ။

အသက်ကြီးတဲ့ လူကြီးတွေ ၊ နာတာရှည်ရောဂါများ ခံစားနေရသူတွေ အပူဒဏ် မခံနိုင်ဘဲ ကွယ်လွန်တာကတော့ ထားပါတော့။ ဘာရောဂါမှလည်း မရှိ၊ အရွယ်ကလည်း သန်စွမ်းကျန်းမာနေဆဲ “လူငယ်တွေ” ပါ တော်တော်များများ ဆုံးပါးနေကြတဲ့ ကိစ္စလေးတော့ သတိပေးလိုတာကြောင့် ဒီဆောင်းပါးလေးကို ရေးလိုက်ပါတယ်။

.

အသက်မှ (၂၀) (၃၀) ၀န်းကျင်တွေ အခုမနက်ဘဲ အကောင်း၊ ညကျတော့ ဆုံးပါးသွားရှာပြီဆိုတာတွေ မကြာခဏ မြင်ကြားနေရ တဲ့ ကိစ္စမှာ အဓိကတရားခံကတော့ “အပူ နဲ့ အအေး” ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဖြစ်ပါတယ်။

“ဥစ္စာကံစောင့်၊ အသက်ဉာဏ် စောင့်” ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ အခုလို ပြင်းထန်တဲ့ အပူဒဏ်မျိုးကို အသက် (၄၀)အောက် မှာ ရှိတဲ့ ကျန်းမာတဲ့ လူငယ်လူရွယ်မှန်သမျှ ကောင်းကောင်း ခံနိုင်ရည်ရှိပါတယ်။ အပူဒဏ်ကြောင့် သေကြေပျက်စီးကြတာ မဟုတ်ပါဘူး။ အပူ နဲ့ အအေးကို မဆင်မခြင် ထိပ်တိုက်တွေ့ကုန်ကြလို့ မသေသင့်ဘဲ သေကြေပျက်စီးကြရတာပါ။

ရာသီက အရမ်းပူတော့ ဒီအပူဒဏ်ကနေ လွတ်အောင် “ရေအေး” တွေကို မဆင်မခြင် ချိုးကြတယ်။ “ရေခဲရေ” တွေကို မဆင် မခြင် သောက်ကြတယ်။ လူ့ကိုယ်ခန္ဓာဟာ ဓာတ်ကြီး(၄)ပါးနဲ့ တည်ဆောင်ထားတာပါ။ “သံမဏိ” နဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ ဒီလောက် ပူပြင်းလှတဲ့ ကာလမှာ ကိုယ်ခန္ဓာထဲမှာ “ဥဏှတေဇော” ဓာတ်က အရမ်းကြွနေတဲ့အချိန် အင်မတန်အေးမြတဲ့ “သီတအာပေါ” နဲ့ ရုတ်တရက်တွေ့လိုက်တော့ ဘာခံနိုင်မှာလဲဗျာ။ အပူပေးထားတဲ့ “ဖန်ခွက်” တစ်ခုကို “ရေအေး”ထဲ ပစ်ထည့်လိုက်တော့ “ဖြတ်ကနဲ” ကွဲသွားသလိုပေါ့ဗျာ။

ဒီလောက် အပူပြင်းတဲ့ ကာလကြီးမှာ နေပူကနေ ပြန်လာပြီး ရုတ်တရက် ရေကောက်ချိုးလိုက်တာဟာ လူ့ကိုယ်ခန္ဓာရဲ့ “ဇီဝကမ္မ” ယန္တယားကြီး “ဖျတ်ကနဲ” ကွဲကြေသွားနိုင်တာ သတိပြုကြပါ။ အသက်ကို ဉာဏ်စောင့်ကြပါ။ အခုလို ရာသီမျိုးမှာ ကိုယ့်အိမ်ထဲမှာ နေရင်တောင်မှ နေ့ (၁၁) နာရီ နဲ့ ည (၇)နာရီ အတွင်း ရေလုံးဝ မချိုးသင့်တော့ပါဘူး။ ရေခဲရေ လုံးဝမသောက်သင့်တော့ ပါဘူး။ ဆင်ခြင်ကြပါဗျာ။

ရေခဲရေ ဆိုလို့ မှတ်မိသေးတယ်။ လွန်ခဲ့တဲ့ (၇)နှစ်လောက်က ကျွန်တော်ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက် ကလေးပါ။ အခုလို အင်မတန် ပူပြင်းတဲ့ နွေရာသီတစ်ခုမှာ အပြင်ကို မထွက်ရင် မဖြစ်တဲ့ ကိစ္စလေးကြုံလာလို့” Taxi နဲ့ အပြင်ကို ထွက်လိုက်ရတဲ့ နေ့တနေ့ကပေါ့။

ဘတ်စ်ကား မှတ်တိုင်တစ်ခုမှာ “ဟိုင်းလတ်” ကားတစီးကို လူတွေ ၀ိုင်းအုံကြည့် နေကြလို့ ကျွန်တော်တို့လည်း ၀င်ပြီး စပ်စု ကြည့်မိတယ်။ ဖြစ်ပုံက “ဟိုင်းလတ်” လိုင်းကားမောင်းသူဟာ မှတ်တိုင်တစ်ခု အရောက်မှာ “ရေခဲရေသည်” ဆီက ရေခဲရေ တစ်ခွက် ၀ယ်သောက်လိုက်တယ်တဲ့။ ပြီးတော့ နောက်တစ်ခွက် ထပ်မှာပြီး (ပူလွန်းလို့) ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချ လိုက်ပြန်တယ်တဲ့။

ပြီးလဲပြီးရော “စပယ်ယာ” က “ဆွဲ-ဆရာ” လို့ အော်ပေမယ့် ကားက မထွက်တာကြောင့် စပယ်ယာက ရှေ့ကို သွားကြည့်တော့ စောစောက ဒရိုင်ဘာလုပ်သူဟာ ငုတ်တုတ်ကြီး အသက်ပျောက်နေရှာသဗျ။ ကားခေါင်းခန်းထဲမှာ အပူချိန်က မရှိပါဘူးဆိုရင် (၅၀)ဒီဂရီ စင်တီဂရိတ်လောက်ရှိမယ်။ အဲဒီအချိန်မှာ အေးစက်နေတဲ့ ရေခဲရေနဲ့ တွေ့လိုက်တော့ “အပူ နဲ့ အအေး” ထိပ်တိုက်တွေ့ပြီး အသက်ဇီဝိန်တစ်ခု “ဖြတ်ကနဲ” ကွဲကြေသွားရရှာတော့တာပါဘဲဗျ။ ကိုယ်တွေ့ မြင်ခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုပါ။

ဒါကြောင့် “အသက်ဉာဏ်စောင့်” ဆိုတဲ့ စကားလို ဒီလို ပြင်းထန်တဲ့ နွေရာသီမျိုးမှာ ကိုယ့်အသက်ကို စောင့်ရှောက်ကြပါ။ “အပူ နဲ့ အအေး” ထိပ်တိုက် မတွေ့မိပါစေနဲ့။ ရေခဲရေ လုံးဝမသောက်ကြပါနဲ့။ ရေချိုးရင် မနက်စောစောမှဘဲ ချိုးကြပါ။ မနေနိုင်ရင် ညအိမ်ယာဝင်ခါနီးမှ ချိုးပါ။ ကျန် နေ့လည်ခင်းမှာ လုံးဝမချိုးမိကြပါစေနဲ့ ။ ပူရင် နဲနဲအောင့်ခံပါ။ လတ်တလော သာယာမှုနောက် ကို မလိုက်ကြပါနဲ့

ရှေးက လူကြီးသူမတွေ ကတော့ ရေချိုးမိုးချိုး သိပ်ဂရုစိုက်ကြတာကလား။ ဘယ်ရာသီဖြစ်ဖြစ် နေ့ (၁၁)နာရီ ကျော်သွားရင် ရေမချိုးကြတော့ဘူး။ ညနေပိုင်း ရေချိုးတာ လုံးဝရှောင်ကြတယ်။ ရေချိုးရင်လည်း သိပ်အေးစက်တဲ့ ရေကို ဘယ်တော့ မှ မချိုးကြဘူး။ မပူမအေး အလောတော် ရေကိုဘဲ ချိုးကြတယ်။ ရေမချိုးခင် ရေ, အ၀သောက်ပြီးမှ ရေချိုးတယ်။ ရေချိုးရင် လည်း ခေါင်းက စ, ပြီး မလောင်းကြဘူုး။ ခြေဖျား ကနေ ဒူးခေါင်း၊ ဒူးခေါင်းက နေ ပေါင် ၊ ပြီးရင် လက်ဖျား နဲ့ လက်မောင်းတွေကို လောင်းတယ်။ နောက်မှ လက်ခုပ်ထဲမှ ရေနဲနဲ ထည့်ပြီး ရင်ဘတ်နောက်ကျော တွေကို “ဖျတ်ဖျတ် ဖျတ်ဖျတ်” နဲ့ ရိုက်ပြီး ရေဆွတ်ပေးတယ်။ နောက်ဆုံးမှ ကိုယ်လုံးကို ရေနဲနဲခြင်း လောင်းချိုးတယ်။ ကိုယ်လုံးကို ရေ (၁၀)ခွက်လောက် ၀အောင်ချိုးပြီးမှ ခေါင်းကိုရေလောင်းတယ်။ ဒီလို စနစ်တကျ ရေချိုး ကြတာဗျ။

ဒါ ဘာလုပ်တာလဲလို့ မေးရင် “အပူ ကနေ အအေး” ကို ရုတ်တရက် မပြောင်းဘဲ ဖြေးဖြေးခြင်း ကူးပြောင်းပေးတာပေါ့ဗျာ။ ဒါကြောင့် ရှေးလူကြီးတွေ လေဖြတ်တာတို့၊ ဦးနှောက်သွေးကြောပြတ်တာတို့ သိပ်မဖြစ်ကြတာပေါ့ဗျာ။ ခုခေတ်လူတွေတော့ မဟုတ်ပေါင် ။ ရေကို ချိုးချင်တဲ့ အချိန် စိတ်ကူးရသလို ချိုးကြသလို ရေမချိုးခင် ခေါင်းအရင် လျှော်တတ်ကြသေးသဗျ။ ဒီတော့ ဦးခေါင်းထဲမှာ ရှိတဲ့ အင်မတန်နုနယ်လှတဲ့ ဆံချည်မျှင် သွေးကြောလေးတွေဟာ “ပူနေရာကနေ၊ ရုတ်တရက်” ကောက်အေး လိုက်တော့ ခံနိုင်ပါဦးမလား။ “မူးတယ် ၊ မူးတယ်” ဆိုပြီး “ရှော” သွားရှာကြတော့တာပါဘဲ။

“ငါတို့တော့ ဒီလို အမြဲလုပ်နေတာ ဘာမှ မဖြစ်ပေါင်” လို့တော့ မပြောနဲ့နော်။ မဖြစ်ချင်သေးရင်( မသေချင်သေးရင်) တော့ မဖြစ်သေးဘူးပေါ့ဗျာ။ ဖြစ်ပြီဟေ့ ဆိုရင်တော့ “ဆေးမမှီတတ်ဘူးနော်”။ မြွေကိုက်တာကမှ ဆေးမှီနိုင်သေးတယ်။ ဆေးရုံတောင် မပို့လိုက်ရဘဲ “ခေါက်ကနဲ” သွားတာပါဘဲ။

နောက်ပြီး တချို့ ရှိသေးတယ်။ “ပူတယ်၊ ပူတယ်” ဆိုပြီး အိပ်ယာခင်းတို့ ၊ သင်ဖြူး တို့ကို ရေဆွတ်ပြီး အိပ်ကြတာ။ ဒါလည်း အလွန် အန္တရာယ် ရှိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက  အင်မတန် နာမည်ကျော်ကြားခဲ့တဲ့ “စာရေးဆရာ ဆွေလှိုင်ဦး” ဆိုတာ ဒီလိုဘဲ နွေရာသီမှာ မျက်နှာသုတ်စောင်ကို ရေဆွတ် – ကိုယ်လုံးကို ပတ်ပြီး ပန်ကာအောက်မှာ အိပ်လိုက်တာ “မနိုးသော အိပ်ခြင်း” နဲ့ အိပ်စက်သွားခဲ့ရဘူးပါတယ်။ အရွယ်ကောင်းတုန်း အင်မတန် နာမည်ကျော်ကြားတုန်း အချိန်မှာ ကွယ်လွန်သွားရ တာ အလွန်နှမြောဖို့ ကောင်းပါတယ်။ သူရေးခဲ့တဲ့အထဲက “ဂျက်မ” “မအေးပွင့်၊ မြင့်မြင့်စန်း၊ လမ်း(၃၀)” “မချော(၁၀)ယောက် ကိုယ်တစ်ယောက်” တို့ဆိုတာ အလွန်နာမည်ကြီးပါတယ်။

ဒါကြောင့် ဒီလို ခါတိုင်းနှစ်တွေနဲ့ မတူအောင် ပူပြင်းလှတဲ့ အခုနှစ်နွေရာသီမှာ သက်ကြီးရွယ်အိုတွေ ခံနိုင်ရည်မရှိလို့ ကွယ်လွန် နေကြတာကိုတော့ ဘာမှ မတတ်နိုင်ပါဘူး။ ဒါပေမယ့် အသက်ကလည်း ငယ်၊ ကိုယ်ခန္ဓာကလည်း ကျန်းမာနေပါရက်နဲ့ ရုတ်တရက် ကွယ်လွန်သွားရတဲ့ စာရင်းထဲမှာ ကိုယ်မပါချင်ရင်တော့ “အပူ နဲ့ အအေး” ကို ထိပ်တိုက် မတွေ့မိအောင် အသိဉာဏ်လေးနဲ့ ဆင်ခြင်ကြပါခင်ဗျား။

.

(၇)ရက်သားသမီးများ အပူလွတ်ကင်း ချမ်းသာခြင်းသို့ရောက်ကြပါစေ။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

.

Share

14 comments on “# အပူ နှင့် အအေး ထိပ်တိုက်မတွေ့စေလို

  1. အုပ်စိုး on said:

    ဆရာရေ… ခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်။ အချိန်တန်ရင် လူတိုင်း သေရမှာ ဖြစ်ပေမယ့် အချိန်မတန်ခင် အသေမစောရအောင် အသက်ကို ဉာဏ်စောင့် သင့်တာကတော့ အမှန်ပါပဲ။

  2. miley on said:

    ဆရာရေ .. .. ပူပြင်းလွန်းလှလို့ ရေခဲရေတွေလှိမ့်သောက် ။။ air con အောက်မှာနေ .. အပြင်ထွက် … အပူအအေးမမျှ ကိုယ့်ဘာသာသတိထားမိတာကြာပါပြီ ….
    ဆရာ့ဆောင်းပါးလေးဖတ်မိမှ ဆင်ခြင်ဖို့ သတိဝင်လာပါတယ်။ ကျေးဇူးပါဆရာ . . . . .

  3. red rose on said:

    ဆရာရေ..တော်တော်ပူလို့လူတွေသေကြတာကို ကြားနေရတာ တကယ်စိတ်မကောင်းဖြစ်နေမိတာပါ..အခုလို သတိပေးတဲ့ ဆောင်ရန်ရှောင်ရန်အချက်လေးတွေဖတ်ရတော့..အားလုံးအတွက် ကောင်းတာပေါ့နော်..

  4. newfreeman91 on said:

    Thank for everything

  5. maymon on said:

    Thanks saya
    I appreciate for your post.

    Thank you indeed .

  6. Moe Thaike on said:

    ဆရာရေဆရာ့ဆောင်းပါးကတကယ်သိထားသင့်ပြီးဂရုစိုက်ဆင်ခြင်ကြ
    ဖို့ကောင်းပါတယ်။ (ရ)ရက်သားသမီးများဘေးအန္တရာယ်အားလုံးကင်းဝေးကြပါစေ။

  7. yinminkhine on said:

    ကျေးဇူးတင်ပါတယ်ဆရာ
    ကူးထားလိုက်ပြီနော်
    ဝေမျှပေးမယ်

  8. ဇေယျာလင်းဦး on said:

    ဒီလိုဆောင်းပါးလေးတွေ တင်ပေးလို့ ကျေးဇူးတင်ပါတယ်ဆရာ
    နောင်လည်း ဒိထက်မက ရေးနိုင်ပါစေလို့ ……

  9. hninhnin on said:

    ဒီဆောင်းပါးလေးဖတ်၇လို့ ကျေးဇူးတင်ပါတယ်ဆရာ..ဒီဆောင်းပါးနဲ့ ဆ၇ာနာမည်ပါကူးယူပြီး သူcယ်ချင်းများကိုဝေမျှပေးဘို့ူယူသွားပါတယ်၇ှင်..

  10. ချောစု on said:

    ဆရာရေ..တကယ်ပဲစာနာစွာနဲ့စိတ်မကောင်းဖြစ်ရပါတယ်
    ဆရာသတိပေးတာကိုလူတွေသတိပြုမိပါစေလို့ပဲဆုတောင်းမိပါတယ်
    သတင်းဖတ်မိတိုင်းစိတ်မကောင်းဖြစ်ရပါတယ်
    ကျေးဇူးပါဆရာ..
    ဆရာနှင့်တကွမိသားစုအားလုံးကျန်းမာရွှင်လန်းကြပါစေ

  11. ဇာနွယ် on said:

    ဒီနေ့မှ ဒီဆိုဒ်ကိုပြန်ရှာလို့တွေ့တာပါဆရာအရမ်းကောင်းတဲ့ဆောင်းပါလေးပါ….
    ကျေးဇူးအများကြီးတင်ပါတယ်………ခုတော့ဒီစာလာဖတ်တဲ့အချိန်မိုးတောင်ရွာနေပီ..

  12. kolin on said:

    Thank you Sayar.

  13. သဲကို on said:

    ကျေးဇူးတင်ပါတယ်ဆရာရေ…..အခုလို သတိပေးတဲ့အတွက် ဆင်ခြင်ရတာပေါ့…

  14.ုkadipar on said:

    ကျေးဇူး ပဲ ဆရာ

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ