.
ဒီဇင်ဘာလထဲ တုန်းက “မွေးနေ့ဗေဒင်” ကို နေ့စဉ် တင်ပေးမယ်ဆိုပြီး လုပ်လိုက်ပေမယ့် အကြောင်းကြောင်းကြောင့် အစီအစဉ် ရပ်ဆိုင်း သွားရပါတယ်။ အခု လောလောဆယ် လူတိုင်း ကိုယ့်မွေးနေ့ကို ရောက်လာရင် တနှစ်တာရဲ့ အကောင်းအဆိုးကို ကြိုတင်သိနိုင်အောင် ပရိုဂရမ်လေးတစ်ခု ရေးဆွဲနေပါတယ်။
ဒါပေမယ့် ပရိုဂရမ်က ထင်ထားတာထက် ပိုပြီး ကြာနေပါတယ်။ ဒါကြောင့် ဒီပရိုဂရမ်လေးကို တင်မပေးမှီ လောလောဆယ် “မဟာဘုတ်” နည်းနဲ့ ကိုယ်တိုင်ကိုယ်တွက်လို့ရမယ့် “မွေးနေ့ဗေဒင်တွက်နည်း” လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။
ဒီ မဟာဘုတ် တွက်နည်းလေးက အင်မတန် ရိုးရှင်းပါတယ်။ “တွက်နည်း” လို့သာ ပြောရတာ ဘာမှ သိပ်တွက်စရာ မလိုပါဘူး။ လွယ်သမှ သိပ်လွယ်ပါတယ်။ ဒါပေမယ့် မှန်ကန်မှု ရာနှုံးကတော့ မနည်းလှဘူးခင်ဗျ။ ကိုယ့်ဟာကိုယ် ပြန်ပြီးတွက်ကြည့်လေ။ ပြီးခဲ့တဲ့ နှစ်တွေကို ပြန်ပြီး လက်တွေ့တွက်ကြည့်။ ဘ၀မှာ မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ “ကောင်းတဲ့နှစ် နဲ့ ဆိုးတဲ့နှစ်” တွေကို တွက်ကြည့်။ အနည်းဆုံး (၇၅-၈၀) % မှန်ဖို့ များပါတယ်။
.
တွက်နည်းမှာ အဆင့် (၆)ဆင့်ရှိပါတယ်
(၁) ကိုယ့်ရဲ့ “မူလ မဟာဘုတ်” ခွင်ကို အရင် ထူ။
(၂) ကိုယ်တွက်ချင်တဲ့ “မွေးနေ့ရဲ့ မဟာဘုတ်” ခွင်ကို ထူ။
(၃) ကိုယ့်တွက်ချင်တဲ့ မွေးနေ့ဟာ “ဘာနေ့ကျသလဲ” ဆိုတာ ရှာ။
(၄) ကိုယ်တွက်ချင်တဲ့ မွေးနေ့ပြီးရင် “ဘာ သက္ခတ်(သက်ရောက်) ထဲမှာ ကျသလဲ” ဆိုတာ ရှာ။
(၅) ပြီးရင် မဟာဘုတ်ခွင် (၂)ခုထဲမှာ ရှိတဲ့ ကိုယ့်နေ့သားရယ်၊ ကိုယ့်မွေးနေ့ကျတဲ့ နေ့ရယ်၊ ရှေ့လာမယ့် သက္ခတ်နေ့ရယ် ကို “စက်ဝိုင်း”လေးတွေ လိုက်ပြီး ၀ိုင်းလိုက်။
(၆) နောက်ဆုံး မဟာဘုတ်ခွင် “အလွတ်တစ်ခု” ထဲမှာ စက်ဝိုင်း ၀ိုင်းထားတဲ့ နေ့နံတွေကို ပြောင်းထည့် ။ ဒါဆိုတွက်နည်း ပြီးသွားပါပြီ။
ရှုပ်သွားသလား ? မရှုပ်ပါဘူး။ စာနဲ့ ပြောနေလို့ပါ။ လက်တွေ့ တွက်ကြည့်ရအောင်။
.
ဥပမာ(၁)
၁၉၆၁ ခုနှစ် သြဂုတ်လ (၄)ရက်နေ့မှာ မွေးတဲ့ သောကြာသား တစ်ယောက်ရဲ့ ၂၀၀၈ ခုနှစ်မှာ ကြုံခဲ့တဲ့ “မွေးနေ့” ကို တွက်ကြည့် ကြရအောင်။
ပထမဆုံး ခရစ် သက္ကရာဇ်ကို မြန်မာသက္ကရာဇ် ပြောင်းရမယ်။ ပြောင်းနည်းလေးကို အရင်ဆောင်းပါးတွေမှာ ရေးထားတယ်။ ဒါပေမယ့် ပြန်ရေးပေးပါ့မယ်။
ခရစ် သက္ကရာဇ် ထဲကနေ (၆၃၈) ဆိုတဲ့ဂဏန်းကို “ပုံသေ” နုတ်သွားရင် မြန်မာသက္ကရာဇ်ကို ရလိမ့်မယ်။ ဒါပေမယ့် သတိထားရမှာက မြန်မာနှစ် နဲ့ ခရစ်နှစ် နှစ်ကူးပုံခြင်း မတူလို့ မြန်မာနှစ်ဆန်း (၁)ရက်နေ့ မတိုင်မှီဆိုရင် (၆၃၉) ကို နုတ်ရ လိမ့်မယ်။ မြန်မာနှစ်ဆန်း (၁)ရက်နေ့က စပြီး နောက်ပိုင်းရက်/လ တွေမှာ မွေးရင် (၆၃၈)ကို နုတ်ရမယ်။
.
အဆင့် (၁)
၁၉၆၁- ၆၃၈= ၁၃၂၃ (မြန်မာသက္ကရာဇ်) ရမယ်။ ဒီ ၁၃၂၃ ကို (၇) နဲ့ စားလိုက်ပါ။ (၀)ကြွင်း လိမ့်မယ်။ ဒါကြောင့် ဒီ သောကြာ သားဟာ (၀)ကြွင်း မဟာဘုတ်ဖွားဖြစ်တယ်။ (၀)ကြွင်းမဟာဘုတ် ဆိုတော့ အောက်က ခွင်ကလေးပေါ့။ ဒါကို “မူလ မဟာဘုတ်” လို့ ခေါ်ပါတယ်။
အဆင့် (၂)
တွက်ချင်တဲ့ မွေးနေ့က ခရစ် ၂၀၀၈ ခုဖြစ်တယ်။ ဒီထဲကနေ နုတ်ကိန်း (၆၃၈)ကို နုတ်လိုက်တော့  – ၁၃၇၀ ရမယ်။ ဒါမြန်မာ သက္ကရာဇ်ပေါ့။ အဲဒီ ၁၃၇၀ ကို (၇)နဲ့ စားလိုက်ရင် (၅)ကြွင်း လိမ့်မယ်။ ဒီမဟာဘုတ်ကို “ကောဇာ မဟာဘုတ်” လို့ခေါ်မယ်။ အောက်က မဟာဘုတ်ခွင်လေး ဖြစ်ပါတယ်။
အဆင့် (၃)
ခရစ်နှစ် ၂၀၀၈ ခုနှစ် မွေးနေ့ဗေဒင်ကို တွက်ချင်တာ ဆိုတော့ ၂၀၀၈ ခုနှစ် သြဂုတ်လ (၄)ရက်နေ့ဟာ “ဘာနေ့” ကျလဲ ဆိုတာ နှစ်တစ်ထောင် ပြက္ခဒိန်မှာ ရှာကြည့်လိုက်တော့ “တနင်္လာနေ့” ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကို မှတ်ထားပါ။ နှစ်တစ်ထောင်ပြက္ခဒိန်ကို လိုချင်ရင် ဒီနေရာကို ကလစ်နှိပ်ပြီး Link ယူလိုက်ပါ။ http://www.timeanddate.com/calendar/ ၊ ဒီ calendar ကို သွားဖတ်ရင် သတိထားမရမှာ တစ်ခုက Country ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံ နဲ့ အနီးဆုံး အိန္ဒိယ ဖြစ်ဖြစ် ၊ ထိုင်း ဖြစ်ဖြစ် ပြောင်းပြီးမှ ကိုယ်လိုချင်တဲ့ ခုနှစ်ကို ကြည့်ပါ။ ဥပမာ တောင်အမေရိကတိုက်က နိုင်ငံတစ်ချို့ဆိုရင် မြန်မာနိုင်ငံနဲ့ တစ်ရက်လောက် ကွာနေတတ်တယ်။
အဆင့် (၄)
၂၀၀၈ ခုနှစ်မွေးနေ့ပြီးရင် “ဘာ သက္ခတ်” ထဲမှာ ရောက်နေမလဲဆိုတာကို သိဖို့အတွက် ၂၀၀၈ ထဲကနေ မွေးခုနှစ် ၁၉၆၁ ကို နုတ်လိုက်ပါ။ (၄၇) ရမယ်။ ဒီတော့ ဒီသောကြာသားဟာ အသက် (၄၈)ထဲကို ၀င်လာပြီပေါ့။ သောကြာသား အသက် (၄၈) နှစ်ရဲ့ သက္ခတ်က “ရာဟု” သက္ခတ်ဖြစ်ပါတယ်။ ဒီဇယားလေးကို ဒေါင်းလုပ်လုပ်ပြီး ကြည့်ပါ
http://download641.mediafire.com/bwqnlwjlebjg/mmnjhjwjdem/Thathet+Table.pdf
အဆင့် (၅)
အထက်က ရရှိလာတဲ့ “မူလမဟာဘုတ်ခွင် နဲ့ ကောဇာမဟာဘုတ်” ခွင်နှစ်ခုထဲမှာ ရှိတဲ့ (က) မွေးနေ့(သောကြာ) ရယ် (ခ) မွေးနေ့မှာကျရောက်တဲ့ (တနင်္လာ)ရယ်၊ သက္ခတ် (ရာဟု)ရယ်တို့ကို “စက်ဝိုင်း” လေးတွေ ၀ိုင်းလိုက်ပါ။
တနင်္ဂနွေ ဆိုရင် (၁)ဂဏန်း၊ တနင်္လာဆိုရင် (၂)ဂဏန်း၊ အင်္ဂါဆိုရင် (၃)ဂဏန်း၊ ဗုဒ္ဓဟူး နဲ့ ရာဟု ဆိုရင် (၄)ဂဏန်း၊ ကြာသပတေးဆိုရင် (၅) ဂဏန်း၊ သောကြာဆိုရင် (၆)ဂဏန်း နဲ့ စနေ ဆိုရင် (၀)ဂဏန်းတွေကို ယူရမယ်နော်။ ဒီတော့ကာ- ဒီအောက်က မဟာဘုတ်ခွင် နှစ်ခုကို ရလိမ့်မယ်။
.
.
နောက်ဆုံးအဆင့်အနေနဲ့ မဟာဘုတ်ခွင် အလွတ်တစ်ခုကို “ချ” ပြီး အထက်က “စက်ဝိုင်း” ၀ိုင်းထားတဲ့ နေ့နံတွေကို သူ့နေရာ နဲ့သူ ထည့်လိုက်ရင် တစ်နှစ်စာ ဟောပြောလို့ရတဲ့ မဟာဘုတ်ခွင် တစ်ခုရပြီပေါ့။ အောက်ပုံကို ကြည့်ပါ။
.
ဒီ နောက်ဆုံးရလာတဲ့ မဟာဘုတ်ခွင်မှာ မွေးနံ သောကြာ(၆) ကို ထည့်မတွက်ရပါ။ မွေးနံဂြိုဟ်ဖြစ်လို့ သူ့ကို စက်ဝိုင်းတစ်ဝိုင်း ၀ိုင်းထားလိုက်ပါ။ ဒီတော့ မွေးနံဂြိုဟ်မပါဘဲ ဂြိုဟ် (၅)လုံး ရှိလိမ့်မယ်။ ကြည့်လိုက်ပါ။
= အဓိပတိမှာ ဂြိုဟ်(၂)လုံး (၂ နဲ့ ၄)
= အထွန်းမှာ ဂြိုဟ် တစ်လုံး (၄)
= သိုက်မှာ ဂြိုဟ်တစ်လုံး(၂)
= ပုတိမှာ ဂြိုဟ်တစ်လုံး (၆) – - – - စုစုပေါင်း ဂြိုဟ်(၅)လုံးရှိတယ်။
ဂြိုဟ်(၅)လုံးရှိတဲ့အနက် ဂြိုဟ်(၄)လုံးက “အထွန်း၊ သိုက်၊ အဓိပတိ” ဆိုတဲ့ ကောင်းတဲ့ဌာနတွေမှာရပ်တည်ပြီး ဂြိုဟ်တစ်လုံး သာ အောက်တန်းက “ပုတိ” ဌာနမှာ ရှိနေ တာကို တွေ့ရပါလိမ့်မယ်။
သတိထားရမယ့် အချက်(၁)ချက် ရှိပါတယ်။ အဲဒါက ဂြိုဟ် (၂)လုံး ထပ်နေတာပါ။ ဥပမာ- “သက္ခတ်”ကလည်း ဗုဒ္ဓဟူးဂြိုဟ်၊ မွေးနေ့ ကျတဲ့နေ့ကလည်း ဗုဒ္ဓဟူး ဂြိုဟ်ဘဲ ဖြစ်နေရင် စက်ဝိုင်းကို (၂)ခါ ၀ိုင်းရပါမယ်။ ပြီးရင် နောက်ဆုံး မဟာဘုတ်ခွင်မှာ ဗုဒ္ဓဟူး=(၄)ဂဏန်းကို နှစ်ခု ထည့်ပေးရမှာပေါ့။ ဒါ အရေးကြီးတယ်။ တချို့ စက်ဝိုင်းဝိုင်းတာ ဂြိုဟ် (၃)လုံးမရဘဲ (၂)လုံးဘဲ ရနေတယ်ဆိုတာ အဲဒါကြောင့်ဘဲ။
.
ဒီတော့ မဟာဘုတ် ဌာနတွေမှာ ဂြိုဟ်ရပ်တည်ပုံကို လေ့လာကြည့်ရအောင်။
= အထွန်း ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – အောင်မြင်မယ်၊ တိုးတက်ထွန်းကားမယ်၊ နာမည်ဂုဏ်သတင်း ကျော်စောမယ်၊ ငွေကြေးဝင်မယ်။ စုတ်ကော၊ လာဘ်ကော ကောင်းမွန်မယ်။ လုပ်သမျှ ကိုင်သမျှ အဆင်ပြေမယ်။ ဂုဏ်ပြုချီးမွမ်းခံရမယ်။ လူမှုဆက်ဆံရေး အလွန် အောင်မြင်မယ်။
= သိုက် ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – စိတ်ချမ်းသာမယ်။ ငွေကြေး စီးပွားဝင်မယ်။ မိသားစုနဲ့ ပျော်ရွှင်ရမယ်။ ဘ၀လုံခြံမှုနဲ့ စိတ်အေးချမ်းမှု ကို ရမယ်။ အိမ်ထောင်ရေး၊ အချစ်ရေး ကံကောင်းမယ်။
= ရာဇ ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – ရာထူးတက်မယ်။ အလုပ်အကိုင် တိုးတက်မယ်။ ဘ၀အဆင့် မြင့်မားလာမယ်။ အကြီးအကဲ ဆရာသမား စောင့်ရှောက်ခံ ရမယ်။ အိမ်ထောင်ရေး၊ အချစ်ရေး ရှုတ်ထွေးမယ်။ ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ရတတ်တယ်။ လုပ်ငန်းတူ အပြိုင်အဆိုင် ပေါ်မယ်။ ရန်သူပေါ်မယ်။ ရန်သူရှိတယ်။
= အဓိပတိ ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – အကြီးအကဲဖြစ်မယ်။ တာဝန်ကြီးတွေ ယူရမယ်။ စိတ်သောက များမယ်။ Stress များမယ်။ အပြိုင်အဆိုင်တွေကို အနိုင်ရမယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တတ်တယ်။ အနားမယူနိုင်လောက်အောင် အလုပ်များလိမ့် မယ်။ နာမည် ဂုဏ်သတင်းလည်း အလွန်ကြီးမယ်။ “သက္ခတ်” ကောင်းရင် ထိပ်ဆုံးထိ ရောက်မယ်။
= ပုတိ ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – ကောင်းစရာ ရှိရင်လည်း အရမ်းကောင်းမယ်။ ဆိုးစရာ ရှိရင်လည်း အရမ်းဆိုးမယ်။ ကောင်းအား/ဆိုးအား ပြင်းထန်တတ်တယ်။ မကောင်းသတင်း ကျော်စောတတ်တယ်။ အရှက်တကွဲ အကျိုးနည်းဖြစ်တတ်တယ်။ ကျန်းမာရေး သတိထားရမယ်။ အစားမှား၊ ဆေးမှား ဖြစ်တတ်တယ်။ ကိုယ့်ကို နာမည်ဖျက် အရှက်ခွဲသူပေါ်မယ်။ ရန်သူပေါ်မယ်။ တိတ်တဆိတ် လုပ်ကြံခံရတတ်တယ်။
= ဘင်္ဂ ဌာမှာ ဂြိုဟ်ရပ်တည်ရင် – အလုပ်၊ နေရာထိုင်ခင်း အပြောင်းအလဲ ဖြစ်တတ်တယ်။ ကျန်းမာရေး ချို့ယွင်းတတ်တယ်။ မတော်တဆဘေးဥပဒ်တို့၊ သဘာဝ ဘေးဥပဒ်တို့ တွေ့ကြုံတတ်တယ်။ အခက်အခဲ ပြဿနာကြီးတွေ ၀င်မယ်။ ငွေကြေး အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ လူမှုဆက်ဆံရေးတွေမှာ ကြီးမားတဲ့ ပြဿနာတွေ ကြုံမယ်။
= မရဏ ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – ကျန်းမာရေး အလွန်ညံ့မယ်။ ဘေးဥပဒ်ကြီးတွေ ကြုံမယ်။ ဆေးရုံဆေးခန်းတွေ ရောက်တတ်တယ်။ ရန်သူမျိုး (၅)ပါး တွေ့ကြုံတတ်တယ်။ ရှောင်တခင် ဘေးဥပဒ်များ တွေ့တတ်တယ်။ Accident ကြုံတတ်တယ်။ အမှားတွေ အများကြီး လုပ်မိတတ်တယ်။ ဘာအရာကိုမဆို အလွန်အကျွံ လုပ်မိတတ်လို့ “တန်ဆေး လွန်ဘေး” ဆိုတာ ဖြစ်တတ်ပါတယ်။
= မွေးနံဂြိုဟ်၊ မွေးနေ့ဂြိုဟ် နဲ့ သက္ခတ်ဂြိုဟ်တစ်လုံး နဲ့ တစ်လုံး “ပက္ခတ်” မိနေရင် ဒီနှစ်ဟာ အထူးသတိထားရမယ်။ Accident , ကျန်းမာရေး, အိမ်ထောင်ရေး, လူမှုရေး ပြဿနာကြီးတွေ ၀င်တတ်တယ်။ အဓိက ကတော့ ကျန်းမာရေး နဲ့ Accident ဖြစ်ပါတယ်။
ကဲ- ဒါတွေကတော့ မဟာဘုတ် (၇)ဌာနမှာ ဂြိုဟ်ရပ်တည်မှု အကြမ်းဖျဉ်းလေးပေါ့နော်။ ဒီတော့ ယေဘူယျပြောရရင် “အပေါ် ဌာန(၄)အိမ် ဖြစ်တဲ့ “အဓိပတိ၊ အထွန်း၊ သိုက်၊ ရာဇ” တွေမှာ ဂြိုဟ်ရပ်တည်မှု များရင် အဲဒီနှစ်ဟာ ကောင်းတဲ့ နှစ်ဖြစ်မယ်“အောက်ဌာန (၃)အိမ် ဖြစ်တဲ့ “ပုတိ၊ ဘင်္ဂ၊ မရဏ” မှာ ဂြိုဟ်ရပ်တည်မှု များရင် အဲဒီနှစ်ဟာ ညံ့တဲ့နှစ်ဖြစ်မယ်”
ဒါပေမယ့် အောက်(၃) လုံးထဲက “ပုတိ” ကတော့ အကောင်း နဲ့ အဆိုး ရောနေတယ်။ ဒီလိုဘဲ အပေါ် (၄)လုံးထဲက “အဓိပတိဌာန” ဟာလည်း အကောင်း သက်သက်ချည်း မဟုတ်ဘူး။ အဆိုးနဲနဲ ရောနေပါတယ်။
ဒီတော့ အထက်က တွက်ပြတဲ့ နမူနာဇာတာရှင်ဟာ ၂၀၀၈ ခုနှစ် မွေးနေ့ကျော်ပြီး တစ်နှစ်တာကာလဟာ အပေါ်ဖက်အိမ် တွေမှာ ဂြိုဟ် (၄)လုံး ရပ်တည်ပြီး၊ အောက်ဖက်မှာ ဂြိုဟ်တစ်လုံးသာ ရပ်တည်လို့ သူ့အတွက် အတော်ကောင်းလိမ့်မယ်လို့ ဟောရမယ်။ နောက်ပြီး “ပုတိ” အိမ်မှာ ရပ်တဲ့ “သောကြာ” ဂြိုဟ်ကလည်း “ကောင်းမိရင် သူမတူအောင်” ကောင်းတတ်တယ်။
အဲဒီ မွေးနေ့ ပိုင်ရှင်က ဘယ်သူများပါလိမ့် ? ။ ၁၉၆၁ သြဂုတ်လ (၄)ရက် ၊ သောကြာသားတဲ့။ ဒီမွေးနေ့လေး မမှတ်မိကြတော့ ဘူးလား ?
သူကတော့ ၂၀၀၈ ခုနှစ် အောက်တိုဘာလအတွင်းမှာ “အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ” ဖြစ်လာတဲ့ “ဘားရတ် အိုဘားမား” ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် သြဂုတ်လ (၄)ရက် မွေးနေ့ကျော်သွားပြီး အသက် (၄၈)နှစ် (ရာဟုသက္ခတ်)ထဲမှာ သူ, သမ္မတ ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။ ဒီတော့ ဒီတွက်ကိန်းလေးဟာ သိပ်မဆိုးဘူး ပြောရမှာပေါ့နော်။
.
နောက်ထပ် နာမည်ကျော်တစ်ဦးကို တွက်ပြပါဦးမယ်။
သူကတော့ ၁၉၆၁ ဂျူလိုင်လ (၁)ရက်၊ စနေနေ့ မှာ မွေးဖွားပါတယ်။ သူရဲ့ ၁၉၉၇ ခုနှစ်မှာ ကျရောက်မယ့် မွေးနေ့ပြီး နောက်နှစ် ကို တွက်ကြည့်ရအောင်။ အထက် တွက်နည်းလေးကို ပြန်ကြည့်လိုက်နော်။
.
အဆင့် (၁) အရ “သူ့ရဲ့ မွေးမဟာဘုတ်” က “(၀)ကြွင်း မဟာဘုတ်” ဖြစ်တယ်။
အဆင့် (၂) အရ (၁၉၉၇)ခုနှစ်ရဲ့ “ကောဇာမဟာဘုတ်” က (၁)ကြွင်း ဖြစ်တယ်။
အဆင့် (၃) အရ (၁၉၉၇)ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ဟာ “အင်္ဂါနေ့” ဖြစ်ပါတယ်။၏
အဆင့် (၄) အရ ၁၉၉၇ ဇူလိုင်လ (၁)ရက်နေ့ပြီးရင် အသက် (၃၇)ထဲကို ရောက်မယ်။ စနေသမီး ဖြစ်လို့ “တနင်္ဂနွေသက္ခတ်” ထဲမှာ ရောက်နေပါတယ်။
အဆင့် (၅) အရ အထက်က ရရှိလာတဲ့ “မူလမဟာဘုတ်ခွင် နဲ့ ကောဇာမဟာဘုတ်” ခွင်နှစ်ခုထဲမှာ ရှိတဲ့ (က) မွေးနေ့(စနေ) ရယ် (ခ) မွေးနေ့မှာကျရောက်တဲ့ (အင်္ဂါ)ရယ်၊ သက္ခတ် (တနင်္ဂနွေ)ရယ်တို့ကို “စက်ဝိုင်း” လေးတွေ ၀ိုင်းလိုက်ပါ။ ပြီးရင် နောက်ဆုံး အဆင့်ကို သွားလိုက်ပါ။ အောက်က ပုံကို ရပါလိမ့်မယ်။
.
နောက်ဆုံးခွင်အရ မွေးနံ “စနေ” မပါဘဲ ကျန်ဂြိုဟ် (၅)လုံးကို ကြည့်ရင် အောက်တန်း “ပုတိ၊ ဘင်္ဂ၊ မရဏ” မှာ ဂြိုဟ် (၃)လုံး၊ အပေါ်တန်း “သိုက် နဲ့ အထွန်း” မှာ ဂြိုဟ် (၂)လုံး ရှိတာတွေ့ရပါမယ်။
ဒါကြောင့် ပုတိ၊ ဘင်္ဂ၊ မရဏ အားက ပိုများနေပါတယ်။ ပိုဆိုးတာက “သက္ခတ်” တနင်္ဂနွေဟာ “ဘင်္ဂ” နဲ့ “ပုတိ” မှာ ရောက်နေပြီး မွေးနံ “စနေ” နဲ့ “ပက္ခတ်” နှစ်ထပ်ကွမ်း မိနေပါတယ်။ “ပုတိ၊ ဘင်္ဂ၊ မရဏ” ဌာနတွေမှာ ဂြိုဟ်တွေအားလုံး ရှိနေတာကလည်း မကောင်းပါဘူး။ ဒီဌာန (၃)ခွင်လုံးမှာ ဂြိုဟ်အပြည့် ရှိနေတဲ့ နှစ်တွေဟာ သတိ ထားရမယ့် နှစ်တွေ ဖြစ်ပါတယ်။
အထက်ပါ မဟာဘုတ်ပိုင်ရှင်ကတော့ ၁၉၉၇ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့မှာ မော်တော်ကား Accident နဲ့ ကွယ်လွန် သွားရရှာတဲ့ “ဝေလမင်းသမီး” “လေဒီ ဒိုင်ယာနာ” ဖြစ်ပါတယ်။ (ဒိုင်ယာနာဟာ မူလဇာတာမှာ ကတည်းက နာမည် “ပက္ခတ်” မိနေသူ ဖြစ်ပါတယ်)။
ကဲ ဒီနေ့တော့ ဒီကမ္ဘာကျော် နှစ်ယောက်ကို တွက်ပြပေးပြီး နောက်ရက် အပိုင်း (၂)မှာ C-Box ထဲမှာ မွေးသက္ကရာဇ် ပေးထားတဲ့ သူတွေကို နမူနာ တွက်ပြပါဦးမယ်။ ဒီနေ့တော့ ဒီလောက်နဲ့ဘဲ နားပါဦးမယ်။ မရှင်းတာရှိရင် Comment ထဲမှာ ၀င်မေးပါ။
ဖြည့်စွက်ချက်(၁)။               ။ ခုနှစ်ကို နုတ်လိုက်/စားလိုက်လုပ်ပြီး အကြွင်းမရှာတတ်သူတွေအတွက် ကိုယ်မွေးတဲ့ ခုနှစ်ရယ်၊ ကိုယ်တွက်ချင်တဲ့ ခုနှစ်ရယ် ရှာပြီး ဘာအကြွင်း ကြွင်းသလဲဆိုတာ အဆင်သင့် ဇယားလေး ထပ်ထည့်ပေးလိုက်ပါတယ်။
ဒီဇယားထဲကအတိုင်း မဟာဘုတ်တိုင် (၂)တိုင်ထူ။ မူလမွေးနေ့ရယ်၊ ကိုယ်တွက်ချင်တဲ့ မွေးနေ့မှာ ကျတဲ့နေ့ရယ်၊ သက်ရောက်ဂြိုဟ်ရယ် (၃)လုံးကို ရှာ။ စက်ဝိုင်းလေးတွေလိုက် ၀ိုင်း။ ပြီးရင် မဟာဘုတ်အလွတ်ထဲမှာ ပြောင်းထည့်။ ဒါလေးများ။ ဒီမှာ ဇယား — -
.
.
ကဲ- မဟာဘုတ်အကြွင်းတော့ သိပြီ။ မဟာဘုတ်တိုင် မထူတတ်သေးဘူးလား ? ။ “အောင် – လံ – ထူ – စစ် – သူ – ကြီး – ပွဲ ” တွေ လုပ်မနေနဲ့။ ရှုပ်ကုန်မယ်။ “သင့်နာမည် ပက္ခတ်လွတ်ရဲ့လား” ဆောင်းပါး ဆီကို လင့်ကို သွား။ အဲဒီမှာ (၁)ကြွင်း ကနေ (၀)ကြွင်း အထိ မဟာဘုတ်ခွင် (၇)ခုကို တွေ့လိမ့်မယ်။ ကိုယ့်အကြွင်းအတိုင်း အဲဒီက ကူးယူလိုက်။ “ပက္ခတ်” အကြောင်းလည်း ဖတ်ကြည့်လိုက်ဦး။ ဒီနေရာကို Link နှိပ်လိုက်ပါ
.
အလည်လာ ဖတ်ရှုသူအပေါင်း ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
Share
98 comments on “# မွေးနေ့ဗေဒင် တွက်ကြမယ် (၁)
  1. Hi saya,
    I m not clear on step (3), final combination of “ma har boke”.. Because i m 24.04.1982, Saturday, @ “friday Thet Khat” but i don’t get it final how to conclude.
    Thanks to advise me.
    Thanks again for ur uploading this website and sharing.
    Best Regards
    Moe
  2. Sorry sayar, i m just asking ur advice, not urgent request.
    If u not free, no need to explain me specially, I will figure it out myself.
  3. dr.tin bo bo on said:
    မမိုး သို့
    တွက်ချင်တဲ့ ခုနှစ်ကို ရှာပါ။ ဥပမာ- ပြီးခဲ့တဲ့ ၂၀၀၉ မွေးနေ့ ဆိုပါတော့။ ၂၄-၄-၂၀၀၉ နေ့ဟာ “သောကြာနေ့” ကျတယ်။ သက္ခတ် ကလည်း သောကြာဘဲ။ ဒီတော့ သောကြာ နှစ်လုံးထပ် မယ်။ ဒီတော့ “မူလ မဟာဘုတ်က” (၀)ကြွင်းမဟာဘုတ်၊ “ကောဇာမဟာဘုတ်” က (၆)ကြွင်း မဟာဘုတ်။ ဒီတော့ နောက်ဆုံးမဟာဘုတ်ခွင်မှာ “အထွန်း” မှာ သောကြာ(၂)လုံး၊ ဘင်္ဂမှာ သောကြာ (၂)လုံးနဲ့ စနေတစ်လုံး၊ ပုတိမှာ စနေတစ်လုံးရှိမယ်။ ဟုတ်ပြီလား။ မရှင်းသေးရင် ထပ်မေးပါ။
  4. မဟာဘူတ on said:
    http://www.baydathukhuma.com/wp-content/uploads/2010/03/Book2-256-x-191.jpg
    House of fame should be * 6 – 4
    House of leader should be* 4-2
  5. dr.tin bo bo on said:
    မဟာဘူတ ခင်ဗျား
    ဇယားဆွဲသည့်နေရာတွင် ကျွမ်းကျင်မှု အလွန်နည်းသောကြောင့် အိုဘားမား နောက်ဆုံးခွင်တွင် နံပါတ်များမှားယွင်းထည့်ထားမှုကို ထောက်ပြခြင်းအတွက် ကျေးဇူးအထူးတင်ပါသည်။ ယခု ပြင်ထားလိုက်ပါပြီခင်ဗျား။
  6. ချိုဇင် on said:
ှဆရာရှင့်
    ကျွန်မမွေးနေ့ က ဖေဖော်ဝါရီ ၂၉ ပါ။ ဒီနှစ် ၂၀၁၀မှာ မွေးနေ့မရှိတော့ အဆင့် ၃ ကို ဘယ်လိုဆက်တွက်ရမလဲမသိတော့ဘူး။ လေးစားစွာဖြင့်……
  7. dr.tin bo bo on said:
    မချိုဇင် သို့
    ဖေဖေါ်ဝါရီလ (၂၉)မွေးသူအတွက် သုတေသန မလုပ်ဘူးသေးပါ။ ဒါကြောင့် နောက်ဆုံး (၂၀၀၈)မှာ ကျရောက်ခဲ့တဲ့ မွေးနေ့ကနေ ယူပြီးတွက်ပါ။ ဆရာရဲ့ ယူဆချက်အရ ဒီမွေးနေ့ အဖြေဟာ သူများတွေလို တစ်နှစ်အတွက်သာ မဟုတ်ဘဲ (၄)နှစ်တိတိ အကျိုးသက်ရောက်လိမ့်မယ်လို့ ယူဆပါတယ်။
  8. မနက်ဖြန်ကျမမွေးနေ့ပါ။ မေမေ့ကိုတွေ့ ချင်နေတဲ့စိတ်ကိုဘယ်လိုဖြေရမှန်းမသိပါဘူး ဆရာရယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာက မွေးနေ့ဗေဒင်အကြောင်းလေးရေးတယ်။ ကျေးဇူးပါဆရာ။
  9. ကေ-တီ on said:
    တွက်၇င်းတွက်၇င်းနဲ့အဆင့်၅မှာလည်နေပြီး…ဆ၇ာဘို..နောက်ပြီး..မြန်မာနှစ်ဆန်းတစ်၇က်နေ့မှာမွေးတဲ့သူကျတော့ 638 ကိုယူ၇မှာလား..639 ကိုယူ၇မှာလား..
  10. dr.tin bo bo on said:
    ကို ကေတီ သို့
    မြန်မာနှစ်ဆန်း တစ်ရက်မှာမွေးရင် (နောက်နှစ်ကို နှစ်ကူးသွားပြီ ဖြစ်လို့) ၆၃၈ ကိုဘဲ နုတ်ရပါမယ်။
  11. dr.tin bo bo on said:
    thidar သို့
    အခု ၂၀၁၀ နဲ့ တွက်ရက် ရတဲ့အဖြေက အသက် (၄၃)အတွက်ဖြစ်မယ်နော်။ အခု မရောက်သေးဘူး။ အခုရောက်နေတဲ့ (၄၂)နှစ်အတွက်ဆိုရင် (၂၀၀၉) နဲ့ တွက်ရမယ်။ မွေးနေ့က (၈)လပိုင်းဆိုတော့ အဝေးကြီး လိုပါသေးတယ်။
  12. Hi…Sayar !!!
    How r u ? How ‘s your trip to upper Myanmar?
    I wish for u all the best & thanks for the post .
  13. red rose on said:
    တွက်ဘို့တောင် မနည်းစဉ်းစားနေရတယ်…၀လုံးစသင်တဲ့ သူငယ်တန်းခလေးတွေလိုပေါ့…ရအောင်တော့ တွက်ကြည့်လိုက်အုံးမယ်
  14. chitthu on said:
    ကျေးဇူးတင်ပါတယ်ဆရာ၊ လေ့လာသင်ယူမှတ်သားသွားပါတယ်။
    ရိုသေလေးစားစွာဖြင့်……
  15. 639 & 638 on said:
    ဇန်န၀ါရီ ၁ ရက်မှ မြန်မာနှစ်ဆန်း ၁ရက်နေ့ မတိုင်မှီ = ၆၃၉ နှုတ်ပါ
    မြန်မာနှစ်ဆန်း ၁ရက်နေ့ မှ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ = ၆၃၈ နှုတ်ပါ
  16. Dear Saya,
    Thanks you very much for ur clear explanation.
    Best Regards
    Moe
  17. thidar on said:
ှဆရာရှင့်
    ကျမ မွေးသက္ကရာဇ် က1968 august 31. စနေပါ.ဆ၇ာ.ဆီလည်းနမူနာတွက်ပြပေးဖိုံ့ပို့ပေးထားပါတယ်.ကိုယ်.ဘာသာတွက်ကြည်.တော. မွေးသက္ကရာဇ် နဲ.ကောဇာသက္ကရာဇ်မဟာဘုတ်အတူတူဖြစ်ပြီးအညံ့များနေပါတယ်.တွက်နည်းမှန်မမှန်တော.ှဆရာတွက်ပြမှပဲ
    တိုတ်ကြည်.လိုတ်ပါ.မယ်.ပြီးခဲ.တဲ.၂နှစ်ကလည်းဆက်တိုက်ညံ့ထားတော.အတော်စိတ်ညစ်သွားပါတယ်.
    တွက်နည်းမျီုးစုံစေတနာနဲ.ပီု.ချပေးလီု.အမြဲကျေးဇူးတင်နေပါတယ်ဆ၇ာနဲ.မိသားစု ကိုယ်ေ၇ာ စိတ်ပါ ချမ်းသာကြပါစေ။
  18. Joyce on said:
    ဆရာ…………. သက္ခတ်ကလည်း စနေ၊ ကျရောက်တဲ့ မွေးနေ့ ကလည်းစနေဆိုတော့ ………….ဝိုင်းရတဲ့ဂဏန်းက 2ခုပဲရတယ်ဆရာ။05-02-1981 အတွက် မဟာဘုတ်ထူတာ…………………..5,1,4,0,3,6,2(ပွဲအောင်လံထူစစ်သူကြီး)ဟုတ်ပါသလားဆရာ။မှားရင်လည်းပြောပြပေးပါဆရာ။
  19. Joyce on said:
    မဟာဘုတ်ဆောင်းပါးကိုပြန်မဖတ်ပဲမေးမိတာပါဆရာ။ပြန်စစ်ပြီး ပါဆရာ။မှန်ပါတယ်၊ဆရာအလုပ်ပိုအောင်မေးလိုက်မိတာ sorry ပါဆရာ။
  20. vamsapali on said:
    နင်လားဟဲ. လောကဓံ
    ၁. ၅ကြွင်း မဟာဘုတ်
    ၂. ၂၀၁၀ ကောဇာမဟာဘုတ် ၄ ကြွင်း
    ၃. ၂၀၁၀ ဇူလိုင် ၁၁ ~~ ၁ နေ.
    ၄. သက္ခ ~~ ၁
    အဓိပတိမှာ ၁ ၁ , အထွန်းမှာ ၄ , မရဏမှာ ၁ ၁ , ဘဂ်မှာ ၄ …ဟုတ်လားဆရာ..?
    ၁ ၁ ထပ်နေတော. တစ်ခုဘဲ ယူရမှာလား? ဒီလောက်ဘဲ သိတယ်
    ပြီးတော. အကောင်းအဆိုး ကြည်.ပေးပါဦး ဆရာ..
    ကကြီးမှာ(သာသနာပြု)နေတယ် .
    မေးနဲ. ဖြေပေးပါနော ဆရာ…
  21. dr.tin bo bo on said:
    vamsapali သို့
    မှားနေပါတယ်။ ၂၀၁၀ ခုနှစ်ရဲ့ ကောဇာမဟာဘုတ်က နှစ်ဆန်းတစ်ရက် မတိုင်မှီဆိုရင် (၆)ကြွင်း၊ နှစ်ဆန်းတစ်ရက်နောက်ပိုင်းဆိုရင် (၀)ကြွင်း (လူတိုင်းအတွက် ပုံသေ) ဖြစ်ရပါမယ်။ ပြန်တွက်ကြည့်ပါ။
  22. Ma Moe on said:
    ဆရာရှင့်
    2010 အတွင်းမှာဖြစ်ပေါ်လာနိုင်မည့် ကံအဆိုးအကောင်းများကိုသိချင်ပါတယ်။ကျွန်မ၏မွေးသကရာဇ်မှာ 1975 ခုနှစ် ဇွန်လ 28 ရက် စနေသမီးဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။
    မမိုး
  23. moe thazin on said:
    ဆရာ
    အဆင့်(4)ကနေစပြီးသိပ်မရှင်းတော့ဘူး။ဒီဇယားလေးကို ဒေါင်းလုပ်လုပ်ပြီး ကြည့်ပါဆိုတာလဲကြည့်လို့မရဘူးဆရာ။သိပ်မရှင်းလို့ပြန်လည်ရှင်းပြပေးရန်မေတ္တာရပ်
    ခံအပ်ပါတယ်ဆရာ။
  24. ချောစု on said:
    ဆရာရှင့်
    ကျွန်မက ၁၃၃၉ ဖွား ကြာသပတေးသမီး ကြာသာပတေးသက္ခတ်ထဲနဲ့
    ဒီနှစ်အတွက်မွေးနေ့ကဗုဒ္ဓဟူးနေ့မှာ ကျရောက်ပါတယ်
    အဲလိုဆိုတော့ မူလမဟာဘုတ်က ၂ ကြွင်းမဟာဘုတ်၊ ၁၃၇၂ အတွက်ဆိုကောဇာမဟာဘုတ်က(၀)ကြွင်းမဟာဘုတ်၊ သက္ခတ်ကကြာသာပတေးဆိုတော့နောက်ဆုံးမဟာဘုတ်ခွင်မှာမရဏမှာ
    ကြာသာပတေး၂လုံး ၊ ရာဇမှာလဲကြာသာပတေး ၂လုံး ၊ အဓိပတိနဲ့သိုက်မှာဗုဒ္ဓဟူး ၁လုံးစီရှိတယ်လို့ထွက်တာမှန်ပါလားဆရာ..
    အဟောကရောဘယ်လိုရှိပါသလဲရှင့်
    သတိထားရမှာလေးတွေပြောပေးနိုင်မလားဆရာ
    ကျေးဇူးတင်လျှက်
    ဆရာနှင့်တကွမိသားစုအားလုံးကျန်းမာရွှင်လန်းပါစေ။
  25. dr.tin bo bo on said:
    မချောစု သို့
    တွက်ထားတာ မှန်ပါတယ်။ မွေးနံ ကြာသပတေးရဲ့ အင်အားကို ထည့်တွက်ရန် မလိုလို့ ဂြိုဟ် (၅)လုံးအနက် (၄)လုံး အပေါ်မှာ ရှိနေလို့ နောက်နှစ် အထူးကောင်းပါမယ်။ ဒါပေမယ့် “ပက္ခတ်” က နှစ်တွဲ (အဓိပတိ နဲ့ မရဏ, သိုက် နဲ့ ရာဇ) ဖြစ်နေလို့ ဘေးဥပဒ်တော့မကင်းဘူး။ ကျန်းမာရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး ဂရုစိုက်ပါ။ ဒါပေမယ့် အပေါ်ဂြိုဟ် (၄) လုံး အားကြောင့် ပက္ခတ်အင်အားက သိပ်မပြင်းထန်နိုင်လောက်ပါဘူး။ ယေဘူယျ ပြောရရင် အကောင်း (၈၀)% အညံ့ (၂၀)% လောက်ဘဲ ရှိမှာပါ။
  26. vamsapali on said:
    yes , thanks saya…
    pls help me …
    i m waitting u answer..
  27. What is the “Thet Khat”?
    everyone can answer.
    thanks
  28. thidar on said:
ှဆရာ သေချာတွက်ကြည်.ပေးတဲ.အတွက်ကျေးဇူးအထူးတင်ပါတယ်..၂၀၁၀အတွက်လ.၀.ကအဖမ်းခံ၇ဖို.၇ှိမ၇ှိလေးကိုပါ
    ကျမအလှည်.တွက်ပေးအခါထဲ.တွက်ပေးစေချင်ပါတယ်ဆ၇ာနဲ.မိသားစု ကိုယ်ေ၇ာ စိတ်ပါ ချမ်းသာကြပါစေ။
  29. မေ on said:
    ဆရာရှင့်
    မွေးနေ့ကိုယူတဲ့နေရာမှာ မြန်မာရက်ကိုယူရမှာလားခရစ်နှစ်ရက်ကိုယူရမှာလားဆိုပြီး
    ဖဝေဖ၀ါဖြစ်နေလို့ပါ
ှုဥပမာ- ၂၀၁၀ အတွက် ခရစ်နှစ်လိုဒီဇင်ဘာလ ၂၂ ရက်က ဗုဒ္ဓဟူးနေ့ကျပေမဲ့
    မြန်မာရက်ဖြစ်တဲ့ နတ်တော်လဆန်း ၁၂ ရက်ကစနေနေ့ဖြစ်လို့ဘယ်ရက်နဲ့ယူရမှာပါလဲရှင်
    အကြွင်းရအောင်တွက်တာကမြန်မာနှစ်ဖြစ်နေလို့ရက်ကိုပါမြန်မာလိုယူရမလား
    ဝေခွဲမရလို့ပါ
    ကျေးဇူးပါဆရာ
  30. ကြည်ဖြူ on said:
    မင်္ဂလာပါဆရာ..
    ၁။ ၄ကြွင်းမဟာဘုတ်
    ၂။ (၂၀၀၉ အတွက်) ၆ကြွင်း ကောဇာမဟာဘုတ်
    ၃။ ၂၀၀၉မှာကျတဲ့ မွေးနံက ကြာသပတေး ၅
    ၄။ ရာဟုသက္ခ ၎
    ၅။ ၀ိုင်းရမှာက၂..၅..၄ (၆ကြွင်းမဟာဘုတ်)၅အထွန်း..၄ရာဇ..၂မရဏ။(၄ကြွင်းမဟာဘုတ်) ၂ရာဇ..၄ဘင်္ဂ..၅ပုတိ။။။။။။။
    ၆။ မွေးနံ ၂(ရာဇနဲ့ မရဏ)ကိုဝိုင်း လိုက်တော့ ကျန်တာ အထွန်း ..ရာဇ..ဘင်္ဂ.ပုတိ။။။။။
    ၂၀၀၉ က ပြီးသွားပြီမို့လို့ ၂၀၁၀ကို ပြန်တွက်ကြည့်ပါတယ်ဆရာ….
    ၁။ ၄ကြွင်းမဟာဘုတ်
    ၂။ ၀ကြွင်း မဟာဘုတ်
    ၃။ ၂၀၁၀ကျမယ့် မွေးနံရက်က သောကြာ ၆
    ၄။ သောကြာသက္ခ ၆
    ၅။ ၀ိုင်းရမှာက ၂..၆..၆..(၀ကြွင်းမဟာဘုတ်)၂သိုက်..၆အထွန်း..၆အထွန်း။။။။(၄ကြွင်းမဟာဘုတ်) ၂ရာဇ..၆သိုက်..၆သိုက်..
    ၆။ မွေးနံ ၂ (သိုက် ရာဇ )ကို ၀ိုင်းလိုက်ရင် အထွန်း နဲ့ သိုက် ပဲကျန်တော့
    ကျမ တွက်ထားတာလေး မှန်လားမသိဘူးဆရာ…ကျေးဇူးတင်ပါတယ်..ဆရာကျေးဇူး အမှန်တကယ်မမေ့ပါ..
  31. dr.tin bo bo on said:
    မမေ သို့
    ကိုယ့်မွေးနေ့ကို ယူတဲ့နေရာမှာ မြန်မာလို လုံးဝမယူရပါဘူး။ အင်္ဂလိပ် လိုသာ ယူရပါမယ်။ မြန်မာလိုက မမှန်ပါဘူး။ ၀ါငယ်ထပ်တာနဲ့ ၀ါကြီး ထပ်တာနဲ့ ရက်တွေက သိပ်ကွာပါတယ်။ အင်္ဂလိပ်လိုဘဲ ယူပါ။ အကြွင်းရအောင်တွက်တာ မြန်မာလို ဖြစ်ပေမယ့် မွေးနေ့ကို အင်္ဂလိပ်လိုသာ ယူပါ။ သိပ်အတွေးမခေါင်ပါနဲ့။ ဆရာပြောသလိုသာလုပ်ပါ။ ရှေ့ကလမ်းပြတဲ့ အတိုင်း တဲ့တဲ့သာ လျှောက်ပါ။
  32. dr.tin bo bo on said:
    မကြည်ဖြူ သို့
    မွေးနေ့လေးကို ထည့်ပေးလိုက်ရင် ပိုကောင်းမှာပါ။ မွေးနေ့မပါတော့ အမှားအမှန် အတိအကျ ပြောဖို့ ခက်နေပါတယ်။ ဒီအတိုင်းမှန်ရင် နောက်နှစ်က တော်တော်ကောင်းမယ့် နှစ်ဘဲ။ အထွန်းမှာ (၆ ၆) ။ သိုက်မှာ (၆ ၆ ၂) ။ မူလ တနင်္လာမပါဘဲ အပေါ်တန်းမှာချည်း ဂြိုဟ် (၅)လုံး။ ဒါမျိုးက ဖြစ်ခဲတယ်။ ပြန်တွက်ကြည့်။ (၁၀)နှစ်ကို တစ်နှစ်ဖြစ်ဖို့ မလွယ်ဘူး။ အတော်ကောင်းလိမ့်မယ်။ တနင်္လာ နဲ့ သောကြာ ပက္ခတ်က မဆိုစလောက်ဘဲ ဒုက္ခပေးမယ်။ ကောင်းပါတယ်။ ၂၀၀၉ ကျော်ခဲ့တဲ့မွေးနေ့ကတော့ အတော်ညံ့ခဲ့လိမ့်မယ်။
  33. ကေ-တီ on said:
    ဆရာ..တစ်နှစ်ထဲမွေး..နေ့နံလည်းတူတဲ့သူ ၂ယောက်တွက်လို့ရှိရင်..ထွက်လာတဲ့အဖြေကတူတူပဲဖြစ်နေတယ်..အဲဒါမှန်လားမှားလား
  34. dr.tin bo bo on said:
    ကိုကေတီ သို့
    တစ်နှစ်ထဲမွေးပြီး နေ့နံတူပေမယ့် မွေးရက်ခြင်း မတူရင် မွေးနေ့ ကျရောက်တဲ့နေ့ခြင်းလည်း မတူဘူးလေ။ သဘောပေါက်လား မသိဘူး။ တစ်နေ့တည်း၊ တစ်ရက်တည်း၊ တစ်နှစ်တည်း မွေးရင် တော့ တူလိမ့်မယ်။ ဒါလည်း အသေးစိတ် ပြန်ခွဲခြားတဲ့နည်း ရှိပါတယ်။ ဒီလောက်အသေးစိတ်တွက်ပြရရင် ဖတ်တဲ့လူတွေ “အူ” သွား လိမ့်မယ်။ အခု ဒီလောက်ရှင်းနေတာတောင်မှ သိပ်နားမလည် ကြသေးဘူး။
  35. ကေ-တီ on said:
    ဆရာပြောတာကိုနားလည်ပါတယ်..မွေးတဲ့ရက်ချင်းမတူရင်မွေးနေ့ကျရောက်တဲ့ရက်ချင်းမတူဘူးဆိုတာကို…
    ဒါပေမဲ့..တွက်လိုက်တော့အဖြေကတူတူထွက်နေလို့ပါ..နောက်ပြီင်္း…သတိထားမိသလောက်…သူငယ်ချင်းတစ်ယောက်နဲ့..
    တစ်နှစ်တည်းမွေးတယ်..နေ့နံတူတယ်..မွေးရက်မတူဘူး..ဒါပေမဲ့..နှစ်တိုင်းမွေးနေ့ကျရက်တဲ့ရက်ကတူနေတယ်..
    ဒီနှစ်မွေးနေ့ကစနေဆိုရင်သူလည်းစနေကျနေတယ်.အရင်နှစ်တွေတုန်းကလည်းအဲလိုပဲ..ဒာဒါကြောင့်မို့မေးကြည့်တာပါ..
  36. ဒိုင်ယာနာလိုမဟာဘုတ်ထွက်နေပါတယ်။ဟုတ်ကဲ့သတိထားပြီးနေထိုင်ပါ့မယ်။ကျန်းမာပျော်ရွှင်ပါစေ။
  37. dr.tin bo bo on said:
    Nyein သို့
    ဒိုင်ယာနာနဲ့ ထပ်တူကျတိုင်း ဒိုင်ယာနာလို မဖြစ်ပါဘူး။ မကောင်းတော့မကောင်းဘူးပေါ့။ ဒါပေမယ့် ချွတ်စွတ်တော့မတူနိုင်ဘူးလေ။
  38. sawhlamyat on said:
    ဆရာရေ လာမဲ့ မွေးနေ့အတွက် ဆရာပြောတဲ့အတိုင်းတွက်ကြည့်တာမှာ
    ဂြိုလ် 4 လုံးပဲရတယ်ဆရာ
    မွေးနေ့က 15.6.83 ပါ 1 ကြွင်း
    ကောဇာက 0 ကြွင်းနဲ့
    မွေးရက်ကျမှာက အင်္ဂါ ပါ
    ရာဟု သကတ်ပါဆရာ
    အဓိပတိ နဲ့ သိုက် မရာဏ ရတာ မှန်ပါသလား
    ဆရာ အတိုင်း ဂြိုလ် 6လုံးမရတော့ ဘ၀င်မကျလို့ မေးကြည့်တာပါဆရာ
    ဆရာ ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာပါစေ
  39. dr.tin bo bo on said:
    စောလှမြတ် သို့
    (၄)လုံးထွက်တာ ဂြိုဟ် (၂)လုံးက တူနေလို့လေ။ အဲဒီတော့ ဒီဂြိုဟ်ကို (၂)ခါ ၀ိုင်းလိုက်ပေါ့။ အဲဒါဆို (၆)လုံး ပြန်ထွက်လာမယ်။ အဓိပတိမှာ (၄ ၄) ။ သိုက်မှာ (၃)။ မရဏမှာ (၃ ၄ ၄) ဖြစ်သွားမှာပေါ့။ မွေးနံ (၄)ကို မယူရင် အပေါ်ဂြိုဟ် (၃)လုံး၊ အောက်ဂြိုဟ် (၂)လုံး။ မဆိုးပါဘူး။ ဒါပေမယ့် ကျန်းမာရေး နဲ့ ထိခိုက်ရှနာ သတိထားရမယ်။
  40. Dear Saya,
    I’ve learnt a lot from your blog.
    For President Obama, his birthday and “tha-khat” seemed to be in “pa-khat” – is that right? So, is the fact that he has many more good stars making his year very good – can we say like this?
    Many thanks!
  41. Si Si on said:
    I am residue (5) saturday born. Birthday fall on sunday of this year and thatkhat is ta nin lar.so I got 2 in ah di pa ti, 1 in thite, 1 and 2 in marana and 7 in pu ti. Is it too bad, sayar?
  42. မူလမဟာဘုတ်နှင်ကောဇာမဟာဘုတ်တူရင်ဘယ်လိုယူရမလဲ
  43. dr.tin bo bo on said:
    KTH သို့
    ဟုတ်တယ်။ (၇)နှစ်တခါ မူလ နဲ့ ကောဇာ တူမယ်။ ဒါပေမယ့် ဂြိုဟ် (၃)လုံးထွက်ပုံခြင်း မတူဘူး။ (တူခဲတယ်)။ လွန်ခဲ့တဲ့ (၇)နှစ်နဲ့ အခု လက်ရှိ တွက်ကြည့်။ မဟာဘုတ်ထပ်တာခြင်း တူပေမယ့် ဂြိုဟ်အနေအထားခြင်း မတူတာတွေ့ရလိမ့်မယ်။
  44. ကြည်ဖြူ on said:
    မင်္ဂလာပါ..ဆရာ…
    ဆရာပြန်ဖြေပေးလိုက်လို့ သေချာအောင် နောက်ထပ်ပြီးတွက်ကြည့်တာ မျက်စိတွေ လည်ကုန်ပြီ…မှားလားမှန်လားသိတော့ဘူး။ ၂၀၀၉ နှစ်ရဲ့ ညံ့ချက်ကတော့ ကြုံခဲ့ပါတယ်…..
    မွေးနေ့ ထည့်ပေးလိုက်ပါတယ်ဆရာ
    ၃၁.၁၂.၁၉၇၉
    ဆရာနှင့်မိသားစု ကျန်းမာ ရွှင်လန်းပါစေ…
  45. heartmuseum on said:
    ဆရာတင်ရေ…….
    ယိုးဒယားမှာ ဆန္ဒပြတော့ အနီဝတ်တွေက ဝန်ကြီးချုပ်အိမ်ကို သွေးနဲ့ပက်၊ ဗေဒင်ဆရာတဦးက ခြံဝင်းကို ခြေနဲ့ကန် လုပ်တာဟာ ဘာသဘောလဲဗျ။ ဆရာ့ ဝေဖန်ချက် အမြင်လေး အချိန်ရရင် ရေးပါအုံးဗျ။
    ရိုသေလေးစားလျှက်
  46. thin thin khine on said:
    My birthday is 22.1.1965. I want to my life happy,I want to know.Please tell me
  47. ဥာဏ်လင်းလတ် on said:
    ဆရာခင်ဗျား
    ကျွန်တော့မွေးနေ့က၂၁.၆.၁၉၉၄ပါအဲ့ဒါအခုဖြေထားတဲ့၁၀တန်းစာမေးပွဲအတွက်သိချင်ပါတယ်
  48. Dr.Tin Bo Bo on said:
    ကိုဉာဏ်လင်းလတ်
    လွတ်လွတ်ကျွတ်ကျွတ် အောင်ပါလိမ့်မယ်။ အခြေအနေ ကောင်းပါတယ်။
  49. အိအိခိုင် on said:
    ဆရာ PR နှင့်ပတ်သက်ပြီး ၁၈ရက်နေ့ကမေးထားတာကို ဖြေပေးတဲ့အတွက်အထူး ကျေးဇူးတင်ပါတယ် ။
    အခု မွေးနေ့ဗေဒင် တွက်ကြမယ် post ဖတ်ပြီးတာနှင့် ကျွန်မမွေးနေ့ ၂၅.၆.၁၉၇၈ (တနဂ๎နွေသမီး) ကို ၂၀၁၀ နှစ်အတွက် တွက်ကြည့်ရာတွင်
    မွေးနံ ၁ ၊ မွေးနေ့နံ ၅ ၊ သက္ခတ် ၅
    သိုက်မှာ ဂြိုဟ်နှစ်လုံး(၅ ၅)
    ရာဇမှာ ဂြိုဟ်သုံး လုံး(၁ ၅ ၅)
    ပုတိမှာ ဂြိုဟ်တစ်လုံး (၁)
    ကျွန်မတွက်တာမမှန်ရင်ပြင်ပေးပါရှင့် ၊
    မွေးနံ နှင့် သက္ခတ် ဂြိုဟ် ပက္ခတ်မိနေတယ်ဆိုတာက အတူတူကျနေတာကိုဆိုလိုတာလား
    (၁) ကိုဖယ်ပြီးတွက်ရင် သိုက် နှင့် ရာဇမှာ (၅) ဂြိုဟ်နှစ်လုံးစီရှိနေတာဘယ်လိုယူရမလဲ ၊
    ကျွန်မမွေးနေ့ကို တစ်ချက်လောက် စစ်ဆေးပေးပါ ဆရာ
    ဆရာကျန်းမာပါစေ ချမ်းသာပါစေ။ post တွေများများတင်နိုင်ပါစေ ။ :)
  50. ခင် on said:
    ဆရာ. သမီးအတွက်မှာ အမျိုးသား …
    - အထွန်း မှာ ဂြိုလ် ၁လုံး (၀) – အဓိပတိ မှာ ဂြိုလ် ၂လုံး (၄.၄)
    - သိုက် မှာ ဂြိုလ် ၁လုံး (၁) – သိုက် မှာ ဂြိုလ် ၁လုံး (၂)
    - မရ မှာ ဂြိုလ် ၁လုံး (၂) – ဘင်္ဂ မှာ ဂြိုလ် ၂လုံး (၀.၀)
    - ပုတိ မှာ ဂြိုလ် ၂လုံး (၀. ၂) ရှိနေပါတယ်။ အဲဒါကောင်းလားဆိုလာသိချင်ပါတယ်ဆရာ.. ကျေဇူးတင်စွာဖြင့်
  51. Yadanar Mon on said:
    အရမ်းကောင်းပါတယ်။ ကျေးဇူးလဲတင်ပါတယ်
  52. 2011 မှာဘာတွေဖြစ်မှာလဲ၊ ထူးခြားတဲ.ကံကောင်းခြင်းတွေ ၇ရှိနိုင်မလား ၊ ၇ည်မှန်းချက်တွေအောင်မြင်မှု၇မလားသိချင်ပါတယ်။ ကျေးဇူးပြုပြီးတွက်ပေးပါ၇ှင်၊
  53. Dear Sir,
    I am within Tuesday “thet khat” now. My BOD is 22.11.1977, Tuesday. So, I tried to calculate for Year 2010 – 2012 and then, I got 4 in Mayana and 1 in Puti for year 2012. Is my calculation is correct? May I know what does it mean? Is it very bad?
    Thanks a lot for sharing and upload this website.
    Warmest regards,
  54. Dear Sir,
    My “Thet Khat” is within Tuesday now as my BOD is 22.11.1977, Tuesday. I tried to calculate for Year 2010 – 2012 and then I found that there are 4 in Mayana and 1 in Puti for Year 2012 calculation. Is my calculation correct? May I know that meaning. Please kindly advise.
    Thank you so much for your kind help and sharing this website.
    Warmest regards,
    ST
  55. မျိုးသန့်ဇင် on said:
    မင်နေကောင်ပါစေကွာ
  56. ရွှေကရင် on said:
    24-3-1964 (10:54)AM အင်္ဂါသား
    လာမည့် ၂၀၁၁ -ခုနှစ်အတွက် အကောင်းအဆိုးလေး တွက်ပေးပါလားဆရာ။
    ဘယ်တော့မှ ကောင်းလာဖို့ ရှိမလည်း။
    လေးစားစွာဖြင့် တွက်ပေးပါဆရာ။
    ကျေးဇူးအထူးတင်ပါတယ်
  57.ွှTheint Ei Zarွှ on said:
    သမီးက English လို 13.3.1987 ရက်နေ့မွေးတာပါ
    အခုနှစ် 2010 မှာ ကံဇာတာက How ဆိုတာသိချင်လို့ဖြေကြားပေးပါရှင့်
    ကျေးဇူးအထူးတင်ရှိပါသည်.
    tez.khj@gmail.com ကို ပြန်ပို့ပေးပါရှင်
  58. ဆုမွန်ဇော် on said:
    ဆရာရှင်
    ကျွန်မက ၁၉၈၅ ဖွား အင်္ဂါသမီး ဗုဒ္ဓဟူးသက္ခတ်ထဲနဲ့
    ဒီနှစ်အတွက်မွေးနေ့ကသောကြာမှာ ကျရောက်ပါတယ်
    မူလမဟာဘုတ်က ၃ ကြွင်းမဟာဘုတ်၊ ၁၃၇၃ အတွက်ဆိုကောဇာမဟာဘုတ်က(၁)ကြွင်းမဟာဘုတ်၊ သက္ခတ်က ဗုဒ္ဓဟူးဆိုတော့ နောက်ဆုံးမဟာဘုတ်ခွင်မှာ မရဏမှာ သောကြာ ၁လုံး ၊ ဗုဒ္ဓဟူး ၁ လုံး ၊ ရာဇမှာလဲ သောကြာ ၁ လုံး ၊ သိုက်မှာ အင်္ဂါ ၁လုံး ၊ ပုတိမှာ ဗုဒ္ဓဟူး ၁လုံး ရှိတယ်လို့ထွက်တာမှန်ပါလားဆရာ..
    အဟောကရောဘယ်လိုရှိပါသလဲရှင့် ၊ သက္ခတ်ကလည်း မကောင်းတော့
    သတိထားရမှာလေးတွေပြောပေးနိုင်မလားဆရာ ၊ နာမည်ကလည်း ၃ကြွင်း မဟာဘုတ်မှာ ပက္ခ မိနေသေးတော့ ဘာဆက်လုပ်ရမလဲ ဆရာ . သတိထားရမယ့်ဟာလေးတွေနဲ့ အညံတွေရှိရင် ဘယ်လို ယတြာမျိုးလုပ်ရမလဲ ဆရာ
    ကျေးဇူးတင်လျှက်
    ဆရာနှင့်တကွမိသားစုအားလုံးကျန်းမာရွှင်လန်းပါစေ။
  59. latt latt on said:
    ဆရာရှင့်
    ကျွန်မသားလေးအား နာမည်ပေးချင်ပါသဖြင့် နာမည်ပေးပေးပါရန်တောင်းဆိုအပ်ပါသည် ဆရာ။သားလေး မွေးနေ့ကတော့ ၁၃၆၉ ခုနှစ် တပို့တွဲလဆန်း (၅)ရက် နေ့လည် ၁နာရီ ၂၃မိနစ် တနင်္လာသား ဖြစ်ပါတယ်။သားလေးရဲ့ အရင်နာမည်က ခန့်ကိုကိုကျော်ဖြစ်ပါတယ်၊သား၏နာမည်သည် ကျန်းမားရေးချူချာတယ်လို့ ပြောကြသဖြင့် နာမည်လေး ပြောင်းရင် ကောင်းမလားလို့ ဆရာနဲ့တိုင်ပင်တာပါရှင်။နောက်ပြီး ဆရာ နာမည်လေးပေးစေချင်ပါတယ် ဆရာရှင့်။ကျေးဇူးတင်ပါတယ် ဆရာ။
  60. Ma Hnin on said:
    ဆရာရှင်.သမီမွေးနေ.က 22.2.1975( ၁၃၃၆ တပိုတွဲလဆန်း၁၂ရက်)
    ၁. မဟာဘုတ်- 6 ကြွင်း
    ၂. မွေးနေ့ရဲ့ မဟာဘုတ်က၂၀၁၁တွက်ဆိုတော. ၁ ကြွင်း
    ၃. ၂၀၁၁ ဖေဖော်ဝါရီလက- အင်္ဂါင်္
    ၄. သက္ခတ်က – သောကြာ ပါ
    အဲလိုဆိုတော.
    အဓိပတိမှာ ၁ ,အထွန်းမှာ ၁ ,သိုက် ၁ ,ရာဇ ၁ ,ဘင်္ဂ ၁ နဲ.ပုတိ ၁
    မှာမွေးနံပယ်ရမှာကပုတိက’0′ ကိုဝိုင်း၇မှာလား?အထွန်းက0ကိုလားဆရာ?
    ကျေးဇူးအထူးတင်ပါတယ်ရှင်.
  61.ွှ့Thazin on said:
    ဆရာကြီး-
    နောက်အမတယောက်ကိုထပ်တွက်တော့လည်း ပြသနာသဘောမျိုးလေးပေါ်ပေါက်လာပြန်ပါတယ်။ သူက ၁၉၇၈ ဇူလိုင် ၆ရက် မွေးတာဆိုတော့ အကြွင်း ၃။ ၂၀၁၁ မွေးနေ့အတွက်ကြည့်ချင်တော့ အကြွင်း ၁။ ဘာပြသနာပေါ်နေတာလည်းဆိုတော့ သူက ကြာသပတေးသမီး၊ 2011 မွေးနေ့က ဗုဒ္ဓဟူးနေ့ကျပါတယ်။ သက္ခတ်ကတော့ ရာဟုသက္ခတ်ဖြစ်နေပါတယ်။ အဲ့တော့ ဂြိုလ်ကမူလဂြိုလ်ဖယ်လိုက်ရင် ၃လုံးပဲ ကျန်ပါတော့တယ်။ အကယ်လို့ နောက်စက်ဝိုင်းတ၀ိုင်း ထပ်ဆွဲလိုက်ရင် မူလဂြိုလ်ကိုဖယ်ရင် ဂြိုလ်၅လုံးတော့ရပါတယ်။ ဒါပေမဲ့ အဓိပတိမှာ ကြာသပတေး ၂လုံးပူး၊ သိုက်မှာ ကြာသပတေးပဲ ၁လုံး၊ မရဏမှာ ဗုဒ္ဓဟူး ၂လုံးပူးဖြစ်နေပါတယ်။ လွဲများလွဲနေပြီလားလို့ပါ။ တွက်ထားတာမှန်မမှန်သိချင်လို့ပါ။
    ကျေးဇူးအထူးတင်ပါသည်။
    လေးစားစွာဖြင့်-
  62. mie mie on said:
    သမီးလေးအတွက်ဇာတာတွက်ပေးပါလား။ ဆရာေ၇းပေးထားပေမယ့် မှားမှာစိုးလို့ပါ။ သမီးလေးက ဘာဖွားလဲဆိုတာလဲသိချင်ပါတယ်ကျေးဇူးပြု၍ဖြေပေးပါနော်။ 07.05.2010 သောကြာနေ့နံနက် မလေးရှာစံတော်ချိန်(10:41)မှာမွေးပါတယ်။ ကျေးဇူးပါနော်
  63. Wah Wah Tin on said:
    ဆရာရှင့်
    ကျွန်မက 1339ခုဖွား၊ ဗုဒ္ဓဟူးသမီး။ အခု 2011မှာ 34 ပြည့်ပြီး 35ထဲရောက်မှာ။ အဲဒါ 2011မွေးနေ့အတွက် ဆရာပြောတဲ့အတိုင်း တွက်ကြည့်တာ
    - 2 ကြွင်း မူလမဟာဘုတ်
    - 1 ကြွင်း ကောဇာ
    - သက္ခက်က ကြာသပတေးမှာ
    -2011 မှာ မွေးနေ့ကလည်း ဗုဒ္ဓဟူးမှာ
    5 (အဓိပတိ)
    4 4 (သိုက်)
    4 5 4(မရဏ)
    ဒီအတိုင်းရတယ်။ မှန်လား ဆရာ။ ဒီအတိုင်းမှန်ရင် မရဏမှာ ဂြိုဟ် ၃ လုံးပူးနေတော့ အဆိုးများမယ့်သဘောလားဆရာ။ ဆရာ့ရဲ့အဟောလေးသိချင်ပါတယ်။ ကျေးဇူးပြုပြီးဖြေပေးပါ။
  64. Dr.Tin Bo Bo on said:
    အဲဒီအတိုင်း မှန်ပါတ်ယ။ မရဏမှာ ဂြိုဟ် (၃)လုံး ပူးတာကြောင့် ကျန်းမာရေး နဲ့ ငွေကြေးကိစ္စ အညံ့ရှိပါတယ်။ တစ်နှစ်လုံးတော့ မဟုတ်ဘူးပေါ့။ ညံ့တဲ့ လ, ပိုင်းလောက်တွေတော့ ရှိမယ်။ တစ်နှစ်လုံး ညံ့တာမျိုးတော့ မဟုတ်ဘူး။
  65. Wah Wah Tin on said:
    ကျေးဇူးတင်ပါတယ်ဆရာ။
    ဒါဆိုကျွန်မ အမျိုးသားအတွက်လည်းမေးခွင့်ပြုပါဆရာ။ သူက 1336 မွေး၊ 6ခု ကြွင်း ကြာသပတေးသား
    2011နှစ်ဦးပိုင်းမှာ 36 ပြည့်ပြီး မွေးနေ့က တနင်္ဂနွေနေ့ကျတယ်။ 37 ထဲရောက်နေပြီဆိုတော့ တနင်္လာ သက္ခတ်ထဲမှာပေါ့နော်။
    5 (အဓိပတိ)
    ၁ (သိုက်)
    2 (မရဏ) ၁ (ဘင်္ဂ) ၂ (ပုတိ)
    မှန်ရဲ့လားဆရာ။
    သူ့အတွက် အဓိကသိချင်တာက လုပ်ငန်းကိစ္စ။ ဒီနှစ်ထဲမှာ လုပ်ငန်းတို့ချဲ့ဖို့ ဘဏ်မှာချေးငွေလျှောက်ထားတယ်။ ရဖို့လည်းများတယ်။ ဒါပေမယ့် ဒီနှစ်ဇာတာအရ အောက်တန်းမှား ဂြိုဟ်ကများနေတော့ ကောင်းနိုင်ပါ့မလား။ ရှေ့နှစ်ဆိုရင် သူက အင်္ဂါသက္ခတ်ထဲရောက်မှာဆိုတော့ လုပ်ငန်းတွေ ကောင်းနိုင်ပါ့မလား။ ချေးငွေကို သုံးနှစ်အတွင်းပြန်ဆပ်ဖို့တော့ လျာထားပေမယ့် ပမာဏကများတော့ စိတ်ပူမိပါတယ်။ ဆရာ့ပညာနဲ့ စစ်ဆေးပေးစေချင်ပါတယ်။ ကျေးဇူးတင်လျှက်…
    စာကြွင်း။ ။ သမီးလေးကို “ခင်လင်းမေသော်” လို့မှည့်ဖြစ်ပါတယ်ဆရာ။
  66. Dr.Tin Bo Bo on said:
    သူက ကောဇာမဟာဘုတ်က (၀)ကြွင်းထဲမှာ မွေးနေ့ကျခဲ့ရင် အခု မြန်မာနှစ်ပြောင်းသွားလို့ ကောဇာ(၁)ကြွင်းကို ဆက်မယူရဘူးနော်။ (၀)ဘဲ ဆက်ယူရမယ်။ အဲဒီတော့ (၃၇)နှစ်ရဲ့ မွေးနေ့ဗေဒင်ခွင်က အထွန်းမှာ မွေးနံကြာသပတေး ၊ သိုက်မှာ (၁) နဲ့ (၂) ၊ ရာဇမှာ (၅) ၊ မရဏမှာ (၂) ၊ ဘင်္ဂမှာ (၁) ဖြစ်ရမယ်။ ဒီတော့ အပေါ် (၃)လုံး အောက် (၂)လုံးဆိုတော့ သိပ်မဆိုးပါဘူး။ ဒါပေမယ့် မွေးနံ ကြာသပတေး နဲ့ ငွေနံ တနင်္လာက “ပက္ခတ်” (၂)ခွင်မိထားတော့ ချေးယူရာမှာ ခက်ခဲမလား ၊ ပြန်ဆပ်ရာမှာ ခက်ခဲမလား တစ်ခုခုဘဲ။ နောက်ပြီး ချေးငွေကို အလုပ်လုပ်မယ်ဆိုရင် အင်္ဂါသက္ခတ်ထဲမရောက်ခင် တနင်္လာထဲမှာ စ, ဖြစ်အောင် စ, ရမယ်။ ဒါအရေးကြီးတယ်။ ဆရာ့အမြင်တော့ အပေါ် (၃)လုံး အောက် (၂)လုံး ၊ မွေးနံကလည်း အပေါ်လုံးဆိုတော့ ပြဿနာ သိပ်မကြီးပါဘူး။ အခက်အခဲ နဲနဲတော့ ရှိမယ်ပေါ့။ ငွေပြန်ဆပ်မယ့်နှစ်ရဲ့ မွေးနေ့ဗေဒင်ခွင်လေး ကြိုတွက်ထားကြည့်ပေါ့။
  67. Wah Wah Tin on said:
    ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။
  68.ုkay khine on said:
    ဆရာရှင့်
    သမီးက 1348 ဖွား၊ ၄ခုကြွင်း တနင်္လာသမီးပါ။
    2011 ဇန်န၀ါရီမှာ သမီးအသက် 24 ပြည့်ပြီးပါပြီ။ ဒီနှစ် သမီးအရေးကြီးတဲ့စာမေးပွဲဖြေဖို့ ကြိုးစားနေပါတယ်။ အဲဒါ ဆရာ့ ဆိုက်ကိုဖတ်ရပြီး ဆရာပြောတဲ့နည်းလမ်းအတိုင်းတွက်တာ ဒီလိုရတယ်ဆရာ။
    အခု တနင်္လာ သက္ခတ်ထဲရောက်နေပါတယ်။
    ဒီနှစ်အတွက် မဟာဘုတ်က
    ၂ ၂ (သိုက်)
    ၄ (မရဏ)၊ ၄ (ဘင်္ဂ)၊ ၂ ၂ (ပုတိ) လို့ရပါတယ်။ မှန်းလားဆရာ။
    သမီးက စာမေးပွဲကို နိုဝင်ဘာလလောက် ဖြေဖို့မှန်းထားပါတယ်။ နိုင်ငံခြားထွက်ပြီးဖြေရမှာပါ။ တစ်ခါတည်းနဲ့အောင်ချင်ပါတယ်။ စာမေးပွဲကြေးကလည်း ဈေးကြီးလို့ပါဆရာ။ နိုဝင်ဘာလရဲ့ ဘယ်ရက်တွေက စာမေးပွဲဖြေဖို့ သင့်တော်သလဲ ဆိုတာ ဆရာ ကြည့်ပြီး အညံ့ရှိရင် ဘယ်လိုလုပ်သင့်တယ်ဆိုတာ ညွှန်ကြားပေးပါဆရာ။ ကျေးဇူးတင်လျှက်
  69. သမီးငရ် on said:
    ဆရာ..
    5.4.1985 ခုနှစ်ဖွားပါ.. အဲဒါကို မဟာဘုတ်ဘရ်လိုလုပ်ရမလဲဆရာ.. သမီးက ဘာကြွင်းမှာလဲဟင်…
  70. thandarlwin on said:
    ဆရာ .. ကျမ အမျိုးသား 5.01.1981 ( ၁၃၄၂ နတ်တော်လကွယ် တနင်္လာသား) အတွက် ဒီနှစ်မှာ
    အထွန်း မှာ ဂြိုလ် ၁လုံး (၄)
    ရာဇမှာ ဂြိုလ် ၁လုံး (၆)
    မရဏ မှာ ဂြိုလ် ၁ လုံး (၄)
    ပုတိမှာ ဂြိုလ် ၂ လုံး (၂/၆)
    ဆိုတော့ အလယ် ၂ လုံး အောက် ၃ လုံး ဖြစ်နေတော့ မကောင်းဘူးပေါ့နော်။ မှန် မ မှန် နဲ့ အညံ့ အတွက် ဘာလုပ်သင့်တယ် လို့ ညွှန်ကြားပေးပါဆရာ။ သောကြာ ပက်ခတ်ပါ ။
  71. Dr.Tin Bo Bo on said:
    တွက်တာ မှားနေတယ်။ အထွန်းမှာ (၆ ၄) ရှိမယ်။ အဓိပတိမှာ ( ၂ ၄) ရှိမယ်။ သိုက်မှာ (၂) ရှိမယ်။ ပုတိမှာ (၆) ရှိမယ်။ မွေးနံ တနင်္လာ အဓိပတိကို ဖယ်လိုက်ရင် အပေါ်မှာ ဂြိုဟ်(၄)လုံး ၊ အောက်မှာ ဂြိုဟ်တစ်လုံးဘဲ ရှိတာ ဘယ်လိုလုပ်တွက်လိုက်တာလဲ။ မွေးလက ဇန်န၀ါရီလကတည်းကဆိုတော့ အခု (၁၀)လပိုင်းတောင် ရောက်လာပြီ။ ကောင်း/မကောင်း ကာယကံရှင် ကိုယ်တိုင်သိမှာပေါ့။ ဘာမှ ဆိုးစရာ မရှိဘူးဘဲ။
  72. thandarlwin on said:
    ဆရာ .. မူလမဟာဘုတ် မှာ က
    အဓိပတိ မှာ -(၂)
    အထွန်း- (၄)
    ပုတိ – (၆) ဆိုတော့ အဲဒါတော့ မမှားဘူး။ ဒီနှစ်အတွက် ယူတဲ့ အယူအဆလွဲတာထင်ပါတယ် ။ အခု က ၁၃၇၃ ဆိုတော့ (၁)ကြွင်း မဟာဘုတ်ကို ယူလိုက်မိလို့ပါ ။ ဒါဆို သူ့ မွေးနေ့ ပြည့်ပြီးတဲ့ ၁၃၇၂ (၀)ကြွင်း မဟာဘုတ် ကိုယူရတာပေါ့နော် ။ ဘာမှတော့ အဆိုးမ၇ှိပါဘူး ဆရာ ကံကောင်းနေပါတယ် ။
    ကျေးဇူးတင်ပါတယ် ဆရာ ။
  73. thandarlwin on said:
    ဆရာ့ ရဲ့ ဘ၀အတွက် အကောင်းဆုံးယတြာ ဆိုတဲ့ ပို့စ် ကို ဖတ်ပြီး ကျမ ကိုယ်ကို ဆန်းစစ်တဲ့ အခါ မှာ လောဘ မစ္ဆိယ များနေလို့ လုပ်သလောက် အဆင်မပြေတာကို တွေ့ရပါတယ် ။ အခုတော့ စိတ်ကို တတ်နိုင်သမျှ သတိ နဲ့ ဆင်ခြင်ပြီး လောဘ မစ္ဆိယ နည်းနိုင်သမျှ နည်းအောင် ကြိုးစားပြုပြင်နေပါတယ် ။ ကျမ ကို အကုသိုလ် နည်းအောင် အဲဒီပို့စ်ကိုရေးတဲ့ ဆရာ့ ကို ရိုသေစွာ ကန်တော့ လိုက်ပါတယ် ရှင်။
  74. aungko on said:
    ဆရာ ခင်ဗျာ
    ကျွန်တော် ၂၀၁၁ သြဂုတ် ၂၈ မှာ ကျွန်တော့် ၂၃ နှစ်ပြည့်မွေးနေ့ ပါ နောက်ဆုံး ဘုတ်တိုင်ထူရာမှာ သိုက်မ$-၁ မရဏ-၂ ဘဂ်-၁ ပုတိ-၂၂ ဖြစ်နေပါသည် ကျွန်တော် ဘုတ်တိုင်ထူတာ မှန်မမှန်သိချင်ပါသည်။ မှန်ပါ ယခုနှစ်သည် အဆိုးများမည်ဟုထင်ပါသည်။ ဆရာ့ အကြံပြုချက်ရလိုပါသည်။ ကျေးဇူးတင်ပါသည်။
  75. Dr.Tin Bo Bo on said:
    ဒီမွေးနေ့ ဗေဒင်ကို မှန်အောင် မတွက်နိုင်ကြတာ ဆရာ ရှင်းပြပုံ ညံ့လို့ဘဲ ဖြစ်လိမ့်မယ်။ ၂၃ နှစ်ပြည့် မွေးနေ့ ဆိုရင် အခု ၂၄ ထဲမှာပေါ့။ ဒါဆို 1988 ဖွားဖြစ်လိမ့်မယ်။ ဒါဆို သိုက်မှာ (၁ ၁) ၊ ရာဇမှာ (၆) ၊ ဘင်္ဂမှာ ( ၁ ၁ ၆) ဖြစ်ရမှာ ဖြစ်ပါတယ်။ ယခုနှစ် သြဂုတ်လ (၂၈)ရက်နေ့ဟာ တနင်္ဂနွေနေ့ဖြစ်လို့ မွေးနေ့မွေးရက် ထပ်တူကျပါတယ်။ ဘင်္ဂမှာ ဂြိုဟ် (၃)လုံး ရှိနေပြီး မွေးနေ့မွေးရက်ကျလို့ သတိထားရမယ့် နှစ်ဖြစ်ပါတယ်။ အဆိုးများ နိုင်ပါတယ်။ ဘာသာရေး များများလုပ်ပါ။ အပျော်အပါး လျှော့ပါ။ စွန့်စားရမည့် အလုပ်များ မလုပ်ပါနှင့်။ အိမ်ပြောင်း ၊ အလုပ်ပြောင်း ဖြစ်လျှင် ကောင်းပါတယ်။ ကျိန်းကျေသွားနိုင်ပါတယ်။ ဖြစ်နိုင်ရင် ယတြာအနေနဲ့ မကြာခဏ အိပ်ယာ ပြောင်းအိပ်ပေးပါ။ ဒီနှစ်ထဲမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်နိုင်ချေ ရှိတယ်။
  76. ဆ၇ာ၇ှင့်..
    ၂၈ ၂ ၈၉ ကသမီးမွှေးနေ့ပါ၂၀၁၂ အတွှက်တွှက်လိုက်တာ..၁ကြွှင်းကော
    သက်ခက်ကတနလာင်္ (၂၃ပြည့်မှာဆိုတော့၂၄ပေါ့နော်)
    မွှေးနေ့ကော.၂၈ ၂ ၂၀၁၂ ကောကအဂ်ါဆိုတော့..
    အဓိပတိမှာ၂ခါဝိုင်း..အထွှန်းမှာ၂ခါဝိုင်း..မ၇နနဲ့ပုတိမှာတစ်လုံးစီ
    အဲဒါဟုတ်ပါသလားဟင်..အဲဒါဆိုဘာလို့အဓိပ္ပာယ်ယူ၇မလဲ၇ှင်
    လေးစားလျက်
  77. ကျေးဇူးတင်ပါတယ် ဆရာ..
  78. ကျွန်တော် ရက်စွဲရေးတာမှားသွားတာပါ ဆရာ ကျွန်တော် သြဂုတ်လ ၂၉ ပါ မွေးနေ့ မွေးရက်တစ်ထပ်တည်းကျပါတယ် ဆရာ။ ကျွန်တော် ရဲ့ မဟာဘုတ်မှန်မမှန် သိပါရစေ ဆရာ
    လေစားလျက်
  79. Dr.Tin Bo Bo on said:
    အဲဒါဆိုရင်တော့ မှန်ပါတယ်။ ဒါလည်း တော်တော် ညံ့တာပါဘဲ။ မွေးနေ့ မွေးရက်တိုက်တော့ ပိုသတိထားရမယ်။ ဒါပေမယ့် ကျန်းမာရေး ကိစ္စတော့ သိပ်မဖြစ်နိုင်တော့ပါ။ အကြီးအကျယ် နာမည်ပျက်ကိန်း ၊ သိက္ခာကျကိန်း ရှိတတ်တယ်။ လျှို့ဝှက်ဖုံးကွယ်ထားတာတွေရှိရင် ပေါ်လာတတ်တယ်။ ငွေကြေး ပြဿနာ ကြီးကြီးမားမား ရှိနိုင်တယ်။ အချစ်ရေး ၊ အိမ်ထောင်ရေး ပြဿနာ တွေလည်းဖြစ်နိုင်တယ်။ အလှူဒါန များများလုပ်ပေးပါ။ ငွေကိုများများစွန့်လွှတ်ပေးပါ။
  80. ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးတင်ပါတယ်
    လေးစားစွာဖြင့်
  81. wintthu on said:
    ဆရာရှင့်…
    သမီး မွေးနေ့က (၂၂.၈.၁၉၈၄ – ၂ကြွင်း) ဗုဒ္ဓဟူးသမီးပါ။ ၂၀၁၁ အတွက် တွက်တာ မရဏမှာ(၄ ၄)၊ ဘင်္ဂမှာ (၂)၊ ပုတိမှာ(၂)၊ သိုက်မှာ(၄)၊ဆိုပြီး ဖြစ်နေတော့ သမီး အခြေအနေတော်တော်ဆိုးပုံရပါတယ်။ အဲ့ဒီအတွက် ဘုရားစာများများရွတ်ဆိုပြီး နေပါတယ်ဆရာ။ သမီးသိချင်တာလေးက အဲ့ဒီ ၂၀၁၁ အတွက် တွက်ထားတဲ့ ရလဒ်က ဘယ်အထိ အကျိုးသက်ရောက်တာပါလဲ။ ၂၀၁၁ခုနှစ် ကုန်တဲ့အထိလား၊ ဒါမှမဟုတ် ၂၀၁၂ခုနှစ် မွေးနေ့ရောက်တဲ့အထိလား သိချင်လို့ပါဆရာ။ သမီးတွက်ကြည့်ထားတာလေး မှန်မမှန်လည်းသိချင်လို့ပါဆရာ။ အခုလိုတင်ပေးထားတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။
  82. မင်္ဂလာပါ
    ဆ၇ာ့လိုဆ၇ာတကယ်၇ှာမှ၇ှားပဲ
    အများနဲ့တယောက်ဖြေပေးနိုင်ပုံကိုကြည့်ချင်းအားဖြင့်
    ဆ၇ာ၇ဲ့စေတနာနဲ့အနှစ်နာကိုလေးစားဂုဏ်ယူမိပါတယ်။
    ဆ၇ာအသက်၇ာကျော်၇ှည်ပြီးပျော်၇ွှင်နိုင်ပါစေ။
  83. ဆ၇ာရှင့်… သမီးအမေက၄.၁၂.၁၉၅၆ ပါ။ 2012 အတွက်တွက်ကြည့်တော့ ပုတိမှာ ၃၃၃၃၃ ရောက်နေပါတယ်။ ဟုတ်ပါသလားရှင်။ မည်သည့်အရာများလည်းဖြစ်လာနိုင်ပါသနည်း။ ကျေးဇူးတင်လျက်။
  84. မွေးနေ့ ရယ် သက္ခတ် ရယ် မသိဘူး ဆရာ
    ပက္ခတ်လည်း မရဘူး
    မွေးနေ့က(၁၃၂၄ခု၊ ကဆုန်လဆုတ်(၉)ရက်၊ 27.5.1962 တနင်္ဂနွေ
    ကျေးဇူးတင်လျှက်
  85. sai leik on said:
    မင်္ဂလာပါ ဆရာ..
    ဒီပို့ တ်စ် ကို ဖတ်ပြီး ဆရာရေးထားတဲ့ အတိုင်း ဘုတ်တိုင်ထူကြည့်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ်အတွက် တွက်ကြည့်ပါတယ် ဆရာ.. ကျနော့် မွေးနေ့ က (၂၃ ဇန်န၀ါရီလ ၁၉၇၁။ စနေနေ့ ပါ။ မွေးချိန်ကတော့ နံနက် ၄နာရီခွဲ ခန့်ပါ)ရလာတဲ့ ရလဒ်ကတော့…
    အဓိပတိ (၅၆)။ အထွန်း (၀၁)၊ သိုက် (၃၄)။ ရာဇ (၆၀)။ မရဏ (၄၅)။ ဘင်္ဂ (၁၂)။ ပုတိ (၂၃) ဆိုပြီး ထွက်ပါတယ် ဆရာ.. ကျနော် လုပ်လိုက်တာ မှန်လား မသိဘူး… ဘယ်လို အဓိပါယ် ကောက်ရမည် ဆိုတာကို နည်းနည်း ညွန်ကြားပေးစေလိုပါတယ် ဆရာ.. အောက်ဆုံးတန်းမှာ ၃ ခုလုံး ပြည့်နေပါတယ်ဆရာ.. ဆောင်ရန် ရှောင်ရန်လေးလဲ ညွန်ကြားပေးစေလို့ ပါတယ်.. ကျေးဇူးပါဆရာ..
  86. ကောင်းမြတ်စိုး on said:
    မင်္ဂလာပါ ဆရာ
    ကျနော်မွေးနေ့ က ၂၁.၉.၁၉၈၇တနလ်ာသားပါဆရာ ကျနော်တွက်ကြည့်တော့ အဓိပတိ(၂၂၆)ဘင်္ဂ(၂၂)နဲ့ပုတိ(၆)ဖြစ်နေတယ်ဆရာ အဲ့ဒါမှန်လားမသိဘူး
    လေးစားလျက်
  87. တိုးအောင်လင်း on said:
    ဆရာခင်ဗျား
    ကျွန်တော့်မွေးနေ့က ၁၇-၁-၁၉၇၆ ပါ
    ၂၀၁၂ ခုနှစ်အတွက် တွက်ကြည့်လိုက်တော့ အဓိပတိ(၆)၊ အထွန်း(၀၆)၊ မရဏ(၃)၊ ဘင်္ဂ(၀)နဲ့
    ပုတိ(၃) ရပါတယ် တွက်တာမှန်မမှန်စစ်ပေးစေလိုပါသည်။ယခုကျန်းမာရေးမကောင်းပါ။ ဆေးခန်းပြနေ
    ရသည်မှာတစ်လခန့်ရှိပါပြီသိပ်မသက်သာပါ။မည်ကဲ့သို့ဆောင်ရွက်ရမည်ကိုညွှန်ပြပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
    ကျေးဇူးတင်စွာဖြင့်
    တိုးအောင်လင်း
  88. kayin lay on said:
    မင်္ဂလာပါ…ဆရာ
    ကျွန်တော့် မွေးနေ့က 7.12.1984 (၁၃၄၆ နတ်တော်လပြည့်နေ့..သောကြာသား..၂ ခုကြွင်းပါ..)
    ၂၀၁၂ ခုနှစ်အတွက် ဆရာညွှန်းတဲ့တိုင်း ဘုတ်တိုင်ထူကြည့်လိုက်တော့ အဓိပတိ (၆၆၆) ၊ ပုတိက(၃၃)
    ဖြစ်နေတယ်..နောက်ပြီး သက္ခတ်ကလည်း အင်္ဂါ ၊ ၂၀၁၂ ဒီဇင်ဘာ ၇ ရက်နေ့ကလည်းကျွန်တော့မွေးနေ့
    သောကြာနေ့…(မကောင်းတော့ဘူးထင်တယ် ဆရာ) ၊ အဆိုးအကောင်းကို ကျေးဇူးပြု၍ ပြန်ကြားပေးပါ
    လားဗျာ..လေးစားစွာဖြင့်…..
  89. ကျွန်တော့် အသက်၃၃အတွက် စစ်ကြည့်တော့ ဘင်္ဂမှာ ဂြိုဟ်သုံးလုံးပူးပြီး၊ သိုက်မှာ ဂြိုဟ် နှစ်လုံးပူးနေပါတယ်….အဲဒါဘယ်လိုကောက်ရမယ်ဆိုတာလေး ပြောပြပေးပါ…
  90. သီရိ on said:
    ဆရာ ရေ အဆင့် ၆မှာလည်နေပြီဆရာ ။ကျမက ၁၉၈၄ ခု သောကြာပါ။မြန်မာ ၁၃၄၆ပါ။ စက်ဝိုင်းနှစ်ခုထက်နေပါတယ်။၆.၇.၁၉၈၄ ပါ။ကြာသာပတေး နဲ့ စတဲ့နိုင်ငံမှာနေပါတယ်။အလုပ်ပြောင်းဖို့ လုပ်တာ လည်း အဆင်မပြေလို့ ပြန်ဖို့ လေယာဉ်လက်မှတ်ဝယ်တော့ လည်းဆုံးပါတယ်။stay မရှိလို့ ဆုံးပါတယ် ။နောက်ပြီးကျန်မာရေးလည်းမကောင်းပါဘူးဆရာ။ငွေလည်းအလိမ်ခံရပါတယ် အိမ်က ငွေမှာပြီးပြန်သုံးနေရပါတယ်..။ဘယ်နေ့တွေပြန်ရင်ကောင်းမလဲသိချင်ပါတယ်..နေ့ ကောင်းရက်သာလေး လိုချင်ပါတယ်။သဘာဝရှိတယ်ဆိုလို့ တော်တော်ကိုကြောက်ပါတယ်။ကူညီပါဆရာရယ် အရမ်းအရေးကြီးနေ လို့ ပါ ဆရာ..။ဆရပြောတဲ့ နေ့ ကို လေယာဉ်လက်မှတ်ဝယ်မှာမို့ ပါနော်
    ကျေးဇူးတင်ပါတယ်ဆရာ
  91. စောမြင့် on said:
    ကျွန်တော့်မွေးနေ့က ၁၉.၅.၁၉၈၁ပါ ဆရာ။ ကျွန်တော် အဆင့်၃အထိပဲနားလည်တယ်ဆရာ။ နောက်ပိုင်းအဆင့်တွေ နားမလည်ပါ၊ ကျေးဇူးပြုပြီး ဆရာပဲ တွက်ပြီး မေးကိုပို့ပေးလို့ရပါသလားဆရာ။ ကျေးဇူး အထူးတင်ရှိပါတယ်။ ဆရာနဲ့ မိသားစု ကျန်းမာ ချမ်းသာ ပါစေ။
  92. Nay Myo Aung on said:
    ဆရာရေ ….. ကျွန်တော်က စနေသား 27 နှစ်မို့လို့ …. သက္ခတ်ဂြိုလ်ဇယားမှာ ကြည့်တာ နံပါတ် (၈) ရာဟု ဖြစ်နေတယ်။ မဟာဘုတ်မှာ ၈ ဆိုတာမရှိတော့ ဘာကိုဝိုင်းရမှာလဲ မသိဘူးဖြစ်နေတယ်။ ကျွန်တော်က ပညာနည်းတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ဖြေကြားပေးပါလားဗျာ။
  93. Dr.Tin Bo Bo on said:
    ရာဟုဆိုတာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းဖြစ်တော့ ဗုဒ္ဓဟူးပါဘဲ။ ဒါကြောင့် မဟာဘုတ်ထဲက (၄)ဂဏန်းကို ၀ိုင်းရမယ်။
  94. ၁၉၆၉ July 5 မှာ မွေးတဲ့သူဆိုရင် ဘာတွေကံကောင်းမလဲ… ဘာတွေကံမကောင်းဘူးလဲ သိချင်ပါတယ်။
  95. ကိုဇေ on said:
    ကျေးဇူးပါဆရာ။ ကျနော်အကူညီတစ်ခုလောက်တောင်းချင်လို့ပါ။သည်နှစ် ၂လပိုင်း၂၈ရက်နေ့မှာမွေးတဲ့ကျနော့်သမီးလေးကို အမည်ပေးရခက်နေလို့ပါ။ကြာသာပတေးသမီး မရဏဖွားပါ။လောလောဆယ်တော့ သွန်းသီရိလို့ ယာယီမှည့်ထားပါတယ်။ သင့်မသင့်ကြည့်ပေးပါဦး ဆရာ။
  96. Dr.Tin Bo Bo on said:
    ကြာသပတေး သမီးကို “သွန်းသီရိ” ပေးတော့ အညွှန့် ကနေ အမြစ်ကို ဇောက်ထိုး ဆင်းနေတဲ့ နာမည်ဖြစ်ပါတယ်။ အမှားအင်အား အတော်များပါတယ်။ တကယ်ပေးရမှာက အမြစ် ကနေ အညွန့်ကို တက်တဲ့ နာမည်ပေါ့။ ဗုဒ္ဓဟူး အစ ၊ သောကြာ အဆုံး ဖြစ်ရပါမယ်။
  97. ကိုဇေ on said:
    နားလည်ပါပြီဆရာ။ ပထမတော့ ဆရာပြောသလိုဗုဒ္ဓဟူးအစ သောကြာအဆုံး(သို့)သောကြာအစသောကြာအဆုံး ပေးမလို့ပါဆရာ။ပို့စ်တစ်ခုမှာ မရဏဖွားတွေရဲ့ အဓိပတိနေ့နံကိုနာမည်ရဲ့အဖျားမှာဘယ်တော့မှမထားရဘူးဆိုတဲ့ ပိုစ့်ကိုဖတ်မိလိုက်ကထဲက ကျနော့်သမီးကိုနာမည်ပေးဖို့တော်တော်ကိုဦးနှောက်ခြောက်သွားလို့ ဆရာ့ကိုအကူညီတောင်းမေးမိတာပါဆရာ။ဖြေကြားပေးတဲ့ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။
  98. ဖြိုးဦးအောင် on said:
    ဆ၇ာခင်ဗျား……………..
    ကျွန်တော် တွက်နည်း ၂ နဲ့ လည်း တွက်ကြည့်ပြီးပြီ။အခု တွက်နည်း ၁ နဲ့  တွက်တာလည်း အဖြေကောင်းကောင်းမထုတ်တတ်တော့ဘူး။ပက္ခတ်ဆို ဘယ်နှစ်ချက်မှန်းတောင်မသိတော့ဘူး။
    ကျွန်တော့် မွေးနေ့ က ကြာသပတေးနေ့ ၂၁ ၇က် ၁၂လ ၁၉၇၈ ပါ။အဲဒါကို ၂၁ ၇က် ၁၂လ ၂၀၁၂ အတွက် တွက်ကြည့်လိုက်တော့
    .သောကြာသက္ခတ်ထဲေ၇ာက်နေတယ်။၂၁ ၇က် ၁၂လ ၂၀၁၂ ကျေ၇ာက်တဲ့နေ့ က သောကြာနေ့ ။အဲဒီတော့ အဓိပတိမှာ ၆ နှစ်လုံး၇ှိပြီး မ၇ဏမှာ ၅ တစ်လုံး ၆ နှစ်လုံး၊ သိုက်မှာ ၅ တစ်လုံး ၇ှိတယ်။ပက္ခတ်ကလည်း ဘယ်နှစ်ချက်မှန်း မသိဘူးမိတယ်။အဲဒါ အဖြေထုတ်ကြည့်တော့ accident ဖြစ်မှာ၊stress များမှာ ၊အမှားတွေလုပ်မိမှာတွေကတော့ မ၇ဏနဲ့  အဓိပတိ၇ဲ့ ဟောဆိုချက်တွေအ၇ သိသာနေပါပြီ။
    ဒါပေမယ့်သက္ခတ်ကောင်း၇င် ထိပ်ဆုံးထိေ၇ာက်တယ်ဆိုတာနားမလည်လို့  ကောင်းတာကောမျှော်လင့်လို့ ၇သေးလို့ လားဗျာ။ကျွန်တော်က ဒီနှစ်သင်္ကြန်မှာ ခ၇ီးသွားစ၇ာ၇ှိနေတယ်။အဆင်ပြေပါ့မလားဆ၇ာ။ဆ၇ာ အပန်းမကြီး၇င် ကျွန်တော့် အတွက်အဖြေထုတ်ပေးလို့ ၇မလားဆ၇ာ။သေ ချာနေတာကတော့ ကျွန်တော် တော်တော်လေးကို စိတ်ပင်ပန်းပြီး stress များနေပါတယ်။နေ့ စဉ် အိပ်၇ာနိုးတာနဲ့  စိတ်ကပင်ပန်းပြီးသားပဲ။ဘယ်လိုပဲ စိတ်ချမ်းသာအောင်နေနေ စိတ်ပင်ပန်းစ၇ာတွေက တည့်တည့်ကိုေ၇ာက်လာတာပဲ။အဲဒါတွေပျောက်အောင်ဘယ်လိုလုပ်၇မလဲဆ၇ာ။ဒီလို သောကများနေတာက လွတ်ချင်ပြီ။ဗေဒင်ကိန်းဂဏန်းအ၇ ဘယ်တော့လောက် လွတ်ပါ့မလဲ။အလုပ်အကိုင်ကော ဘယ်လိုမှ အဆင်မပြေဘူးခင်ဗျာ။
Leave a Reply
Your email address will not be published. Required fields are marked *
*
HTML tags are not allowed.
Reports to my Friends !
မြန်မာနှစ်ဆန်း(၁)ရက်နေ့ မှ စ၍ မြန်မာပြည်သူပြည်သားအားလုံး ဘေးခပ်သိမ်းရန်ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေသော်
အဖတ်အများဆုံး ဆောင်းပါးများ
အားပေးတယ်ဆို Like လုပ်ခဲ့နော် !
ဟူးရားဂဏန်း ရှာမယ်
Randomize calculation
အွန်လိုင်းပေါ်မှာ ရှိနေသူများ